ဒဂုံ၊ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာ ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အတွင်းရေးမှူး ရဲမှူးမျိုးဝင်းက ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ထောက်ပံ့ငွေလက်ခံရရှိသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယခုပေးအပ်ခဲ့သည့် ထောက်ပံ့ငွေများမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒဂုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူ (၂၆၄)ဦးအတွက် ငွေကျပ်တစ်ရာငါးဆယ့်ရှစ်သိန်းလေးသောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း
#MNP #News


No comments:
Post a Comment