တီးတိန်၊ ဒီဇင်ဘာ ၁၇
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသက်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးလက်ထောက်ညွန်ကြားရေးမှူး ဦးအောင်ငွေစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများက MEVM မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်။ အဆိုပါ မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်သူများ၊ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြောင်း သိရသည်။
#MNP #News


No comments:
Post a Comment