တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 



ထားဝယ်  ၊ ဒီဇင်ဘာ ၁၇


တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၁၁/၂၀၂၅) ကြိမ်မြောက်နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၁၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းလယ်ယာမြေနှင့်ပတ်သက်၍ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရမည့်ကိစ္စရပ်များ စသဖြင့်လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် စိစစ်၍ ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ အထူးသဖြင့် အခြားနည်းသုံးစွဲသည့်နေရာတွင် တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်လာမည့် MSME လုပ်ငန်းလုပ်ကိုင် ဆောင်ရွက် ထားရှိမှုများရှိကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝဥစက်ရုံဆောက်လုပ်ရန်ဆောင်ရွက် ထားရှိကြောင်း၊ တိုင်းဒေသကြီး၌ ဥယျာဉ်မြေ များပြားကြောင်း၊ လယ်ယာမြေများသုံးစွဲသည့်နေရာတွင် အထင်မြင်လွဲမှားမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မြေစာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)