NATO အဖွဲ့က ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” ဟူသော ပြောဆိုချက်က “အလွန်အမင်း တာဝန်ယူမှု မရှိရာကျ” သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

NATO အဖွဲ့က ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” ဟူသော ပြောဆိုချက်က “အလွန်အမင်း တာဝန်ယူမှု မရှိရာကျ” သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို


မော်စကို၊ ဒီဇင်ဘာ ၃

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova သည် ဒီဇင်ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ NATO အဖွဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌ Giuseppe Cavo Dragone က ဗြိတိန် Financial Times ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ NATO အဖွဲ့က ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” လုပ်ဆောင်မည် ဟူသော ပြောဆိုချက်အား ဝေဖန်ခဲ့ပြီး ယင်းသည် “အလွန်အမင်း တာဝန်ယူမှု မရှိရာကျတဲ့ လုပ်ရပ်” ဖြစ်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။

Financial Times ဝက်ဘ်ဆိုက်၏ နိုဝင်ဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ Giuseppe Cavo Dragone က အဆိုပါမီဒီယာအား NATO အဖွဲ့အနေဖြင့် ရုရှား “ရောနှောစစ်ပွဲ” အား ကိုင်တွယ်စီမံမှုအတိုင်းအတာကို မြှင့်တင်ရန် စီစဉ်နေကြောင်း၊ ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” သည် “ကာကွယ်ရေးလှုပ်ရှားမှု” တစ်မျိုးဟု ရှုမြင်နိုင်ကြောင်း ပြောကြားခဲ့သည်။

Maria Zakharova က အဆိုပါပြောကြားချက်သည် NATO အနေဖြင့် အချိန်မရွေး အခြေအနေအား အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် ကြိုးပမ်းမှုများကို တမင်ဖျက်ဆီးလိုသည်ကို ဖော်ပြနေသည်ဟု ဆိုသည်။ ထိုကဲ့သို့ပြောကြားသူသည် NATO အဖွဲ့ဝင်နိုင်ငံများအပေါ် ဖြစ်ပေါ်လာစေမည့် သက်ရောက်မှုအပါအဝင် ယင်းကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ်နှင့် အလားအလာရှိသည့် နောက်ဆက်တွဲရလဒ်များအား သိမြင်ရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

NATO အဖွဲ့က ရုရှားဆန့်ကျင်ရေးကို လှုံ့ဆော်ပြီး ရုရှားသည် NATO အဖွဲ့အား “မကြာမီတိုက်ခိုက်တော့မည်” ဟူသော ထိတ်လန့်ဖွယ်ခံစားချက်များ ဖြန့်ချိနေသည့် အခြေအနေအောက်တွင် ထိုကဲ့သို့ပြောဆိုချက်က ရှိပြီးသားအတိုက်အခံဖြစ်မှုကို ပြင်းထန်စွာ ဆိုးရွားသွားစေပြီး မီးလောင်ရာလေပင့်ခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” ဟူသော ပြောဆိုချက်သည် NATO အဖွဲ့က အကြိမ်ကြိမ်ထုတ်ပြောဆိုထားသော “ကာကွယ်ရေးသီးသန့်” ဟူသည့် မုသားစကားကို ချေဖျက်လိုက်ခြင်းလည်းဖြစ်သည်ဟု Maria Zakharova က ထောက်ပြပြောကြားခဲ့သည်။ 


Ref - (Xinhua)

#MNP #News #International


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)