အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ (ASI) မှ Director အဖွဲ့နှင့်ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ၍ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့်လုပ်ငန်းများဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ (ASI) မှ Director အဖွဲ့နှင့်ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ၍ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့်လုပ်ငန်းများဆွေးနွေး




ပုဂံ  ၊ ဇန်နဝါရီ ၁၈

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၁၇ ရက်၊ညနေ ၃ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲရုံးရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း ၊ အမှုထမ်းများ ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များနှင့်အိန္ဒိယနိုင်ငံ၊  နယူးဒေလီမြို့ ၊ Archaeological Survey of India (ASI) မှ လာရောက်သည့် Director (၂) ဦးဖြစ်သော Mr. Sh Sundar Paul (Director, Conservation)နှင့် Dr.Manoj Kumar Bhatnagar (Director, Science, S & P)၊ပုဂံတွင်ရောက်ရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ASI အဖွဲ့မှ ပညာရှင် (၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးညီမွန်းက ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများအသေးစိတ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့်  ASI အဖွဲ့အား ကျေးဇူးတင်အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်  ငလျင်ဒဏ်ခံရှေးဟောင်းအဆောက် အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူမပျက် Conservation point of view၊ Archaeological point of view၊ Artistic point of viewနှင့် Traditional method တို့ဖြင့် Standard Operating Procedure (SOP) နှင့်အညီ ထိန်းသိမ်းရေးဆောင်ရွက်ပေးစေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ဌာနမှ Quality Control  Team အဖွဲ့ဖြင့် ကြည့်ရှုစစ်ဆေး၍ လိုအပ်ပါကအကြံပြုခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလိုလာရောက် တွေ့ဆုံဆွေးနွေးခြင်းကိုလည်း လှိုက်လှဲစွာကြိုဆိုအပ်ပါကြောင်း ဆွေးနွေးပြောကြား သည်။ ASI အဖွဲ့မှ Director(၂)ဦးက ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေး အလိုက်ဆောင်ရွက်လျက်ရှိရာ Phase 1 တွင် ရှေးဟောင်းအဆောက် အအုံ(၁၁)ဆူအား ဆောင်ရွက်ပြီးစီး၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပုဂံဌာနခွဲသို့ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါကြောင်း၊ Phase II အနေဖြင့်၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ   ရှေးဟောင်းအဆောက် အအုံ(၅၀)ဆူပြုပြင်ထိန်းသိမ်းခြင်းကို Conservation work နှင့် Chemical work တို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ASI အဖွဲ့သည် Conservation Policy နှင့်အညီ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  ASI အဖွဲ့မှ Team Leader Mr.Vijay Prasad Gupta က Phase II တွင် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီး လုပ်ငန်းများအား Power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ထိန်းသိမ်းရေး ဆောင်ရွက်ပြီးစီးသည့်ဘုရားများအား ငှက်လုံသံဇကာနှင့် သံပန်းတံခါးများ တပ်ဆင်သွား ရန် အကြံပြုဆွေးနွေးသည်။ထို့နောက် ထိန်းသိမ်းရေးကော်မတီဝင်များဖြစ်သည့် ဒေါက်တာ မျိုးညွန့်အောင်က ဘုရားအမှတ် (၁၂၁၉) သုံးလောကထွဋ်ခေါင်ဘုရားရှိ မင်စာသည် ခိုင်လုံသော သမိုင်းအထောက်အထားဖြစ်သည့်အတွက် Chemical Conservation ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဦးစိုးစိုးလင်းက သုံးလောကထွဋ် ခေါင်ဘုရားသည် ငလျင်ကြောင့် ထိခိုက်ခဲ့သဖြင့် Assessment ကောက်ယူရန်နှင့်စနစ် တကျထိန်းသိမ်းရန် လိုအပ်ပါကြောင်း ၊ ဦးသန်းဌေးက နံရံပန်းချီထိန်းသိမ်းရေးဆိုင်ရာ များကို အကြံပြုခြင်းနှင့် တက်ရောက်လာ ကြသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နိဂုံးချုပ်အနေဖြင့် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းက ASI အဖွဲ့မှ အကြံပြုသည့် ထိန်းသိမ်းရေးဆောင်ရွက်ပြီးသော ဘုရားများအား ငှက်လုံသံဇကာနှင့်သံပန်းတံခါးများ တပ်ဆင်နိုင်ရေးစီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံအစိုးရ၏ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းဆိုင်ရာ ကူညီဆောင်ရွက်ပေးခြင်းအတွက် များစွာကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးခြင်းရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)