ကြာအင်းဆိပ်ကြီး ၊ ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည် သူများ လွယ်လင့်တကူမဲပေးနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စမ်းသပ်မဲပေးသရုပ်ပြပွဲသို့ အမှတ် (၁၃) ရှေ့တန်းစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ်စခကမှူး၊ ကြာအင်းဆိပ်ကြီးမြို့ စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ မဲရုံအလိုက်တာဝန်ချထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မဲဆန္ဒရှင်ပြည်သူများမှ ပူးပေါင်းပါဝင်ပြီး လက်တွေ့စမ်းသပ်မဲဆန္ဒပေးခြင်းများအား လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment