ပခုက္ကူ ၊ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ပြီး ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်စည်းကမ်း”၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုး(တွဲဖက်)က “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ (စာကြည့်တိုက်မှူး) က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောကြသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး မြန်မာ့ရိုးရာစကားပုံနှင့် စကားဆက်များဆိုင်ရာ ဉာဏပဟေဠိမေးခွန်းများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား စာရေးကိရိယာသုံးလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment