ပခုက္ကူမြို့၌ ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြော


ပခုက္ကူ  ၊ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ပြီး ကျောင်းသား ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်စည်းကမ်း”၊ ဦးစီးအရာရှိ ဒေါ်တင်မာမျိုး(တွဲဖက်)က “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ (စာကြည့်တိုက်မှူး) က “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်တို့ဖြင့် အသိပညာပေးဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး မြန်မာ့ရိုးရာစကားပုံနှင့် စကားဆက်များဆိုင်ရာ ဉာဏပဟေဠိမေးခွန်းများ မေးမြန်းကာ အဖြေမှန်ရရှိသူများအား စာရေးကိရိယာသုံးလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)