ခမောက်ကြီးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ခမောက်ကြီးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ



ခမောက်ကြီး   ၊  ဇန်နဝါရီ    ၁၉

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၈ရက်  နံနက်(၉)နာရီကကျင်းပသည်။

အခမ်းအနားတွင် ခမောက်ကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးထိန်းလင်းက အမှာစကားပြောကြားပြီး  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း၌ နေ့ထူးနေ့မြတ်အလိုက် ပြိုင်ပွဲများ၊  ကာယ၊ ဉာဏ ပြိုင်ပွဲများနှင့် ဘာသာရပ်အလိုက်ထူးချွန်ဆုရရှိသူများ၊ ဘက်စုံထူးချွန်ဆုများရရှိသည့် ကျောင်းသားကျောင်းသူများအား  ​တိလောကရုံကျောင်းတိုက်ကျောင်းထိုင်ဆရာတော်၊မြို့အုပ်ချုပ်ရေးမှူး နှင့် မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့်အလှူရှင်များက ဆုများ ပေးအပ်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများက အကပဒေသာ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေ ဧည့်ခံကြကြောင်းသိရသည်။

ခမောက်ကြီး  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)