ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများခင်းကျင်းထားရှိမှုများ စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများခင်းကျင်းထားရှိမှုများ စစ်ဆေး




မိုင်းရယ်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင် မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းထားရှိမှုများကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဌေးဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မိုင်းရယ်မြို့ပေါ်ရှိ မြို့ပေါ်မဲရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မိုင်းရယ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်တို့ရှိ မဲရုံ(၅)ရုံတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးက ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးရာတွင် စနစ်တကျ မြန်ဆန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးစက်များစနစ်တကျ ကိုင်တွယ်ရမည့်အချက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆိုင်းတိုးမဲရုံ မဲရုံအမှတ်(၃)ရှိ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းမှာကြားခဲ့ပြီး မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာ မဲရုံတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #MNP #Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)