Pages

Pages

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ထပ်မံ ပြန်လည်ခေါ်ဆောင်






နေပြည်တော်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကိုမြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း မြန်မာသံရုံးကိုရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၆၃ ဦးကို တပ်မတော်လေယာဉ်ဖြင့် တတိယအသုတ်အဖြစ် ထပ်မံ၍ ပြန်လည် ခေါ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဇန်နဝါရီ ၂၆ ရက် ယနေ့တွင် တတိယအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသား ၇၁ ဦးကို တပ်မတော် လေယာဉ်ဖြင့် မြိတ်မြို့သို့ လည်း ကောင်း၊ ညနေပိုင်းတွင် ထပ်မံ၍ မြန်မာနိုင်ငံသား ၉၂ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ လည်းကောင်း အသီးသီး ပြန်လည်ခေါ်ဆောင် ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၄၃၀ ဦးကို ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း၊ တတိယအသုတ်အနေဖြင့် ၁၆၃ ဦးကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ် ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦး ပြန်လည်ရောက် ရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေး နေသည့်အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်အလေးထားဆောင်ရွက်၍ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း နိုင်ငံအချင်းချင်း လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများ ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် အဓိကပြစ်မှုကျူးလွန်ခဲ့သူ များကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင် လွှဲပြောင်းပေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment