Pages

Pages

“(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်း


အားလုံးမင်္ဂလာပါ။

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည် တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မား လာစေရန်” နဲ့ “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာခဲ့တာ ယခုအခါ (၅၄) ကြိမ်မြောက် ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ သိပ္ပံနဲ့နည်းပညာခေတ် ဖြစ်တဲ့အတွက် အရာရာဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလျက်ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ဆေးသိပ္ပံပညာရပ်များ၊ ရောဂါရှာဖွေကုသတဲ့ ခေတ်မီ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ဆေးဝါးနဲ့ ကုထုံးအသစ်တွေ တိုးတက် (Artificial Intelligence (AI နည်းပညာအကူအညီနဲ့ ဆောင်ရွက်နိုင်တဲ့အထိ စဉ်ဆက်မပြတ် လေ့လာသိရှိဖို့ လိုအပ်လာပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေမှာ ပြည်တွင်းက သုတေသီပညာရှင်တွေသာမက နိုင်ငံတကာက သုတေသီများလည်းပါဝင်ပြီး သုတေသနစာတမ်းများ၊ သုတေသနပို စတာများကို တင်သွင်းပြသကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium) တွေနဲ့ ဘာသာရပ် အလိုက်ဟောပြောပွဲ (Scientific Talk) တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပပြီး အသစ်အသစ်သော ကျန်းမာရေးဆိုင်ရာ အချက်အလက်များနဲ့ သုတေသနဆိုင်ရာတွေ့ရှိချက် (Updated knowledge and research finding) ဆွေးနွေးကြမယ်လို့လည်း သိရှိရပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဆိုင်ရာသုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နေတာ တွေ့ရှိရလို့ ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြား လိုပါတယ်။

ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဦးတည်ချက်အဖြစ် “ဆေးသုတေသန ဆောင်ရွက်မှုများမှသည် ပြည်သူလူထု၏ ကျန်းမာရေးပိုမိုကောင်းမွန် စေရေး Better Health Through Medical Research” ဆောင်ပုဒ်နဲ့ သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

ဆေးသုတေသနလုပ်ငန်းတွေက ရရှိလာတဲ့ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြုသုတေသနတွေ့ရှိချက် (Evidence-based research finding) တွေကိုအသုံးပြုပြီး ရောဂါရှာဖွေရေး နည်းစနစ်များ၊ ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန် စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွင်း ကျန်းမာရေး

စောင့်ရှောက်မှုလုပ်ငန်းတွေ တိုးတက်အောင်မြင်စေဖို့နဲ့ မိမိတို့နိုင်ငံ အတွက် ခေတ်နဲ့အညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးသုတေသန ဆောင်ရွက်မှုရလဒ်တွေက တဆင့် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေနိုင်မှာလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူး စက်တတ်သော ရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာနိုင်ငံရှိမကူးစက်တတ်သော ရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်း သုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ မကူးစက်တတ်သော ရောဂါဖြစ်ပွားမှု မြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်း လုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးတဲ့ အလေ့အထတွေ ရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးရမှာလည်း ဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသန ဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနဲ့ ဆေးနှီးနွှယ် တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ ပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်ပံ့ပိုးမှုနဲ့ ဆေးသုတေ သနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာ ခြင်းသုတေသန” ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ မျိုးဆက်သစ်များဖြစ်တဲ့အတွက် ယခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်တွေအပေါ် အခြေခံ ပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပြုလုပ် ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

နောက်တစ်ချက်မှာကြားလိုတာကတော့ ဒေသတွင်းဖြစ်ပွား တတ်တဲ့၊ ကူးစက်တတ်တဲ့ ကပ်ရောဂါများ၊ ရာသီအလိုက် ဖြစ်ပွား တတ်တဲ့ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကင်ဆာရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ကုသမှုတွေ အောင်မြင်အောင် အထောက် အကူပြုနိုင်တဲ့ သုတေသနတွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲ နည်းပညာများ၊ သုတေသနနည်းစနစ်များကို ကျင့်သုံးပြီး ဆောင်ရွက် နေတယ်လို့ သိရှိရတဲ့အတွက် ယခုထက်ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြား လိုပါတယ်။

အထူးသဖြင့် မိမိတို့ပြည်သူတွေ အခြေခံကျန်းမာရေး ကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အာဟာရ ဆိုင်ရာ သုတေသနများ၊ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ

သုတေသနများ၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ပြုမူရေးနဲ့ ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့် ဆောင်ရွက်ကြဖို့လိုပါတယ်။ အဲဒီသုတေသနတွေက တွေ့ရှိချက် တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ ဆေးရုံ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း တိုးမြှင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်း တွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေးစီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်များကိုလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်သူလုထုရဲ့ ကျန်းမာရေးကို တိုင်းရင်း ဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရင်း ဆေးနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ရရှိဖို့ လက်တွေ့အသုံးချ သုတေသနတွေကို တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း လမ်းညွှန် မှာကြားလိုပါတယ်။

မိမိတို့နိုင်ငံမှာ သုတေသနပြုလိုတဲ့စိတ် (Research minded) ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေများစွာ ပေါ်ထွက်လာပြီး သုတေသနလုပ်ငန်းတွေကို နည်းစနစ်၊ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက် နိုင်ဖို့လိုအပ်ပါတယ်။ ဒီအတွက်လည်း သုတေသနနည်းပညာသင်တန်း တွေ၊ သုတေသနကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ . ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ သုတေသနပြုလုပ်ခြင်းက အရေးကြီးကြောင်း နားလည်သဘော ပေါက်ပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ် (Research culture) တစ်ခု တိုးတက်ဖြစ်ထွန်းရှင်သန်လာစေရေး လေ့ကျင့်ဆောင်ရွက် ကြဖို့ မှာကြားလိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သုတေသီ တွေနဲ့ ပညာရှင်တွေဟာ အပြည်ပြည်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို တက်ရောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာညီလာခံ များသို့ တက်ရောက်ပြီး စာတမ်းများဖတ်ကြားတင်ပြခြင်း၊ ဟောပြော ပွဲတွေမှာ ဟောပြောသူအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် မိမိတို့နိုင်ငံမှာ ဆေးပညာရပ်ဆိုင်ရာညီလာခံတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရ ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ ဆေးသုတေ သနဦးစီးဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငှက်ဖျားရောဂါ သုတေ သနနဲ့ ရောဂါရှာဖွေကုသရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ဌာန WHO Collaborating Centre for Research & Training on Malaria (WHO-CC) အဖြစ် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ကစပြီး ၂၀၂၈ ခုနှစ်အထိ အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ ငှက်ဖျားရောဂါ၊ ကိမိလဗေဒနဲ့ ပိုးသတ် ဆေးယဉ်ပါးမှုတို့နဲ့ပတ်သက်တဲ့ သုတေသန၊ လေ့ကျင့်ရေးနဲ့ ပညာရေး၊ သတင်းအချက်အလက် စုဆောင်းခြင်းနဲ့ ပေါင်းစပ်ခြင်းလုပ်ငန်း တွေမှာ (WHO-CC) အနေနဲ့ ပါဝင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရတဲ့အတွက် နိုင်ငံ့ကျန်းမာရေး ကဏ္ဍ တိုးတက်မှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ လူငယ်တွေ အသိပညာ၊ အတတ်ပညာ မြင့်မားရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ကြောင်း သိရှိနားလည် ထားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေ ထဲမှာ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး အတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုပြီး ချမှတ်အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီလိုကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာမှာ သုတေသန လုပ်ငန်းများနဲ့ ခုလိုကျင်းပတဲ့ သုတေသနညီလာခံတွေဟာ များစွာ အထောက်အကူဖြစ်စေပြီး အောင်မြင်တိုးတက်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။


နိဂုံးချုပ်အနေနဲ့ ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသနရလဒ် ကောင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက် ဖြစ်တဲ့အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေးနဲ့ လူတိုင်း ရောဂါဘယကင်းရှင်းရေးကို များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေ သနတွေ့ရှိချက်တွေကို အသုံးချပြီး ပြည်သူတွေ ပိုမို ကျန်းမာလာစေ ရေးကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နိုင်ငံတကာနဲ့ ရင်ပေါင် တန်းနိုင်မယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး တွန်းအားပေးတဲ့ သုတေသန ကောင်းတွေကို သုတေသီများက စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ် ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။


#MNP #News

No comments:

Post a Comment