Pages

Pages

တရုတ်နဲ့ပေါင်းလို့ ကနေဒါကို အခွန် ၁၀၀% ကောက်မယ်လို ထရမ့် ပြော



ဇန်နဝါရီ - ၂၆ ( တနင်္လာနေ့ ) 

ကနေဒါ အစိုးရက တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ချုပ်ဆိုဖို့လုပ်နေတာ ဖြစ်တဲ့အတွက်  အမေရိကန်ကိုသွင်းတဲ့ ကနေဒါ ကုန်ပစ္စည်းအားလုံးအပေါ် ၁၀၀% စည်းကြပ်ခွန် ကောက်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။  အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ကို ကျော်လွှားနိုင်ရန် တရုတ်က ကနေဒါနဲ့ပေါင်းပြီး တစ်ဖက်လှည့် အမြတ်ထုတ်ရန် ကြိုးစားနေတယ်လို့ ထရမ့်က စွပ်စွဲနေတဲ့ ကြားမှာပဲ ကနေဒါက တရုတ်နဲ့ ပေါင်းပြီး အလုပ်လုပ်ဖို့ လုပ်နေလို့ ထရမ့်က သတိပေးတဲ့အနေနဲ့ ပြောလိုက်တာပါ။ 

ကနေဒါအပါအဝင် နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများတွင် ထရမ့်က အခွန်စည်းကြပ်မှု သို့မဟုတ် အကောက်ခွန်ခြိမ်းခြောက်မှုကို အသုံးပြုခဲ့ပါတယ်။ ထရမ့်အစိုးရက ကနေဒါ ပို့ကုန်များအပေါ်တွင် အခွန်အခများ အများအပြား ချမှတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါက အဆိုပါ အခွန်ကောက်ခံမှုအချို့ကို ဖြေလျှော့ရန် ယမန်နှစ်က သဘောတူညီမှုရရှိရန် နီးစပ်ခဲ့ပေမဲ့ ဆွေးနွေးပွဲတွေက နောက်ဆုံးတွင် ပျက်သွားခဲ့ပါတယ်။ အကောက်ခွန် အသစ်များ အသက်ဝင်ခြင်းမရှိသော်လည်း ကနေဒါကုန်စည်များအပေါ် အခွန်တိုးကောက်ရန် ပြင်ဆင်ထားကြောင်း ထရမ့်က ပြောပါတယ်။ 

"ကနေဒါက တရုတ်နဲ့ သဘောတူညီချက်တစ်ခုရခဲ့မယ်ဆိုရင် အမေရိကန်ကိုလာတဲ့ ကနေဒါ ကုန်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်းအားလုံးကို ၁၀၀% စည်းကြပ်ခွန်ကောက်ခံမှာပါ" လို့ စနေနေ့က ထရုသ်ဆိုရှယ်မီဒီယာမှာ ထရမ့်ကရေးတင်ခဲ့ပါတယ်။ 

"ပြည်နယ်အုပ်ချုပ်ရေးမှူး ကာနေး က တရုတ်ပစ္စည်းတွေကို အမေရိကန်ပို့ဖို့ ကနေဒါနိုင်ငံမှာ ကုန်တင်ကုန်ချ လုပ်လို့ရမယ်လို့ သူထင်ရင်မှားသွားပါလိမ့်မယ်” ဆိုပြီး ထရမ့်က ကနေဒါနိုင်ငံကို အမေရိကန်ရဲ့ ၅၁ ပြည်နယ် မြောက်အဖြစ် အဆင့်သက်မှတ်ပြီး ပြောလိုက်ပါတယ်။ 

ယခုလအစောပိုင်းတွင် ကနေဒါဝန်ကြီးချုပ် ကာနေးက ကနေဒါနဲ့ တရုတ်နိုင်ငံကြာမှာဖြစ်နေတဲ့ နိုင်ငံရေး တင်းမားမှုတွေ ကို ပြေလျော့သွားအောင် နဲ့ ဆက်ဆံရေးကို ပြန်လည်တည်ထောင်နိုင်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ထက် သီးခြားကုန်သွယ်ရေး အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန် ကနေဒါတာဝန်ရှိသူများက ပဏာမသဘောတူညီချက် သို့မဟုတ် မဟာဗျူဟာမိတ်ဖက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါဗို့မြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ့်မှာလည်း ကာနေးက “နိုင်ငံကြီးတွေက သူတို့ထုတ်ပြန်တဲ့ စည်းမျဉ်းတွေကို လိုက်လုပ်ရမယ်ဆိုတဲ့ ကိစ္စတွေက ပြီးသွားပါပြီ။ အလယ်အလတ်နိုင်ငံတွေ ပူးပေါင်းပြီး စီးပွားရေးဆိုင်ရာ အဖွဲ့ကြီးတွေ လုပ်ရမယ့်အချိန်လည်းကျရောက်နေပြီ” လို့ ပြောသွားပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment