Pages

Pages

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြု အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၇

၂၀၂၆ ခုနှစ် ဇန်နဝါရီ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့လာရောက်လေ့လာခဲ့ ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိPark Royal ဟိုတယ်၌ကျင်းပသည်။

အခမ်းအနားသို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး၊ ကမ္ဘောဒီးယား နိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် Mr. YICH Samethy ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ Mr. Nguyen Xuan Locဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါ နိုင်ငံမှ Mr. Mario Jose Armengol Campos ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ Ms. Rami Niranjan Desai နှင့် Interna-tional Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kim-long ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်ကြသည်။ 

ဦးစွာပြည်ထောင်စုရွေး ပွဲကော်မရှင်ဥက္ကဋ္ဌက ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို စောင့်ကြည့်လေ့လာ နိုင်ရန် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ် ကြားစေခဲ့ပြီး အဆွေတော်တို့၏ လာရောက် လေ့လာမှုအတွက် နိုင်ငံတော်နှင့် နိုင်ငံတော်အကြီး အကဲမှလည်း ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပ ပြုလုပ်ခြင်းသည် လွှတ်တော် အသီးသီးကို ခေါ်ယူဖွဲ့စည်းနိုင်ရန် နှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ အစည်းများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြင့် အစိုးရအဖွဲ့ တာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်၍ ရွေးကောက်ပွဲ အထမြောက်ရန်နှင့် ဥပဒေနှင့် ညီညွတ်ရန် အရေးကြီးပါကြောင်း၊ ယခုဆိုလျှင် ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းလုံးကို မဲဆန္ဒရှင်ပြည်သူများ၏လာရောက်ဆန္ဒမဲပေးမှု၊ ပူးပေါင်း ပါဝင်မှုများဖြင့်အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီဖြစ်ပါကြောင်း။

ကျင်းပပြီးခဲ့သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ သည် မိမိတို့နိုင်ငံအတွက် အရေး ပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ မှန်ကန်မှု၊ ဂုဏ်သိက္ခာရှိမှု၊ ယုံကြည်စိတ်ချရမှုတို့အတွက် စောင့်ကြည့် လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြ သည့် အဆွေတော်တို့၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါ ကြောင်း၊ အဆွေတော်တို့၏ပါဝင်မှု သည် ဒီမိုကရေစီလုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတို့၏ အရေးပါပုံကို မီးမောင်းထိုးပြလျက်ရှိပါကြောင်း၊ အဆွေတော်တို့၏ လေ့လာတွေ့ရှိမှုနှင့် အကြံပြုချက်များသည် ရွေးကောက်ပွဲအပေါ် ပြည်သူ လူထု၏ယုံကြည်မှုကို ခိုင်မာစေပြီး ဒီမိုကရေစီစနစ် တိုးတက်ထွန်းကား ရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း။   မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပြတ် ဆက်ဆံမှုရှိသည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထား ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆွေ တော်တို့၏ မြန်မာနိုင်ငံအပေါ် သမာသမတ်ကျစွာ ထောက်ခံ ရပ်တည်ပေးမှုသည် တန်ဖိုးမဖြတ် နိုင်သော မိတ်ဆွေရင်း၊ ညီအစ်ကို စိတ်ဓာတ်များပင် ဖြစ်ပါကြောင်း၊ အဆွေတော်နိုင်ငံတို့နှင့် မြန်မာ နိုင်ငံတို့သည် အစိုးရအချင်းချင်း ဆက်ဆံရေးသာမက နိုင်ငံသူ၊ နိုင်ငံ သားအချင်းချင်း ဆက်ဆံရေးသည်လည်း မိတ်ဆွေအရင်းအချာနိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်း။

အဆွေတော်တို့ အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့ခြင်းနှင့်စပ်လျဉ်း၍ သဘောထား မှတ်ချက်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ အဆွေတော်တို့၏လေ့လာ တွေ့ရှိမှုများ၊ အကြံပြုချက်များ နှင့် ဆွေးနွေးမှုများကို ပျော်ရွှင် ဝမ်းမြောက်စွာ လက်ခံလိုပါကြောင်း၊ အဆွေတော်တို့၏ သဘောထား အမြင်များကို လက်ခံရရှိပြီး နောင်တွင်ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ ရှာဖွေနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။

ထို့နောက်ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ နီပေါနိုင်ငံ၊ နီကာရာဂွါနိုင်ငံနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့မှု အခြေအနေများကို မှတ်ချက် ပြု ပြောကြားခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ သတင်းစဉ်


#MNP #News

No comments:

Post a Comment