Pages

Pages

တစ်လကို ရုရှား ၅ သောင်းလောက် သတ်နိုင်ဖို့ ကြိုးစားပါလို့ ဇီလန်စကီးက စစ်တပ်ကို ညွှန်ကြား


ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ယူကရိန်း မောင်းသူမဲ့ လေယာဉ်များ၏ ထိရောက်မှု အကဲဖြတ်ခြင်းအတွက် ရည်ညွှန်းသည့် အခမ်းအနားတစ်ခု တွင် ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်းစစ်တပ်ကို ရုရှားနိုင်ငံအပေါ် အသေအပျောက် အများဆုံး ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေအပေါ် အာရုံစိုက်ထားသင့်တယ်လို မှာကြားခဲ့ပါတယ်။ တပ်ဖွဲဝင်များအနေနဲ့ ကြိုးပမ်းရမယ့် ပမာဏ "အကောင်းဆုံးအဆင့်" က တစ်လလျှင် ရုရှားနိုင်ငံသား ဆုံးရှုံးမှုက ၅၀,၀၀၀ ဖြစ်သင့်တယ် လို့ ယူကရိန်းခေါင်းဆောင်က သတ်မှတ်ခဲ့ပါတယ်။ 

ယူကရိန်းတပ်ဖွဲများက လအတော်ကြာ ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှားထိုးစစ်ကို မခံနိုင်ဘဲ နယ်မြေဆုံးရှုံးမှုများ ဖြစ်နေပါတယ်။ ယူကရိန်းရော၊ ရုရှားရော ၂ဘက် စစ်တပ်က မိမိတို့ စစ်တပ်တွေရဲ့အသေအပျောက်များကို အချိန်အကြာကြီး တရားဝင် အစီရင်ခံခြင်း မရှိဘဲ အခြားတစ်ဖက်က ဘယ်လောက်နစ်နာဆုံးရှုးမှုများ ရှိနေတယ် ဆိုတာကိုသာ ပြောနေကြပါတယ်။ 

"တစ်လလျှင် ရုရှားနိုင်ငံ ဆုံးရှုံးမှု ၅၀၀၀၀ ရောက်အောင်လုပ်နိုင်ပြီဆိုရင် အဲ့ဒါက အကောင်းဆုံးအဆင့် အနေအထားပါ” လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန  နဲ့ ကျနော်တို့စစ်တပ် အပါ အားလုံးက အဲ့ဒိလို  ရုရှားဘက်က ဆုံးရှုံးမှု အဆင့်ကို အတိအကျ အာမခံနိုင်ဖို ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြိုးစားကြပါ” လို့ တိုက်တွန်းလိုက်ပါတယ်။ 

ယင်းအကြံအစည်ကို ယူကရိန်း၏ အသစ်ခန့်အပ်ထားသော ကာကွယ်ရေးဝန်ကြီး မစ်ခေး ဖီဒိုရောဗ် သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းရဲ့ "မဟာဗျူဟာမြောက်ပန်းတိုင်များ" ထဲမှတစ်ခုဆိုပြီး ပြောခဲ့ပါတယ်။ ဇီလန်စကီးရဲ့ ရင်းနှီးသောမဟာမိတ်တစ်ဦးဖြစ်တဲ့ ဖီဒိုရော့ဗ် က ယူကရိန်းခေါင်းဆောင် ကိုယ်တိုင်က ပဋိပက္ခဆက်လက်ဖြစ်ပွားရန် လုပ်နေတဲ့ မော်စကိုအတွက် သူတို့လက်မခံနိုင်လောက်တဲ့ တန်ဖိုးတွေကို ယူကရိန်းစစ်တပ်က လုပ်ပေးရမယ်လို့ ပြောလိုက်ပါတယ်။ 

“သမ္မတပြောသွားတာက ယူကရိန်းစစ်သားတွေအတွက် ရုရှားတွေကို သတ်ပေးရမယ့်ခွဲတမ်းပါ"လို့ ၎င်းက သတင်းထောက်များ အား ပြောကြားနေချိန်မှာ ယူကရိန်းအနေနဲ့ တိုက်ပွဲများအဆုံးသတ်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ တပ်များကို အိမ်ပြန်ခေါ်ဆောင်ခြင်းကို ဦးစားပေးသင့်ကြောင်း အတိုက်အခံပါလီမန်အမတ် အန်နာစကိုရိုခေါ့ခ် က ပြောဆိုပြီး စစ်ခေါင်းဆောင်တွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

ဇန်နဝါရီလတွင် ရုရှားစစ်သား ၃၅၀၀၀ ခန့် သေဆုံးပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဇီလန်စကီး က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ မော်စကိုဘက်ကတော့ ဇီလန်စကီးက သူ့တပ်တွေဆုံးရှုံးနေတယ်ဆိုတဲ့ အဖြစ်မှန်ကို  လျစ်လျူရှုပြီး သူတို့နိုင်နေတယ်ဆိုပြီး အသားလွတ်ပြောနေတာလို့ တုန့်ပြန်ထားပါတယ်။


REF: RT 

#MNP #News 


No comments:

Post a Comment