Pages

Pages

ICJ ၌ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းဆောင်ရွက်နေသည့် ကိုယ်စားလှယ်အဖွဲ့အား မော်လမြိုင်မြို့ရှိ အမျိုးသားရေး အင်အားစုများက ဂုဏ်ပြုထောက်ခံ










မော်လမြိုင်၊ ဇန်နဝါရီ ၂၈

ICJ ၌ မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းဆောင်ရွက်နေသည့် ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား မော်လမြိုင်မြို့ရှိ အမျိုးသားရေး အင်အားစုများက ဂုဏ်ပြုထောက်ခံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

၂၇-၁-၂၀၂၆ ရက်နေ့က မော်လမြိုင်မြို့ပေါ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုထောက်ခံပွဲအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် တိုင်းရင်းသားပြည်သူများသည် နိုင်ငံတော်အလံများကိုင်ဆောင်ကာ မော်လမြိုင်မြို့တွင် စီတန်းချီတက်ကြခြင်းနှင့် မြစ်ကမ်းသာကစားကွင်းတွင် ပြည်သူများက နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။

အမျိုးသားရေးဆရာတော် ဦးတေဇဝံသ (ဇော်ပျံဆရာတော် )နှင့် ဦးဇော်ဟိန်းတို့က နိုင်ငံတော်အပေါ် မတရားစွပ်စွဲမှုများကို တရားဥပဒေနှင့် အမှန်တရားအပေါ်အခြေခံကာ ပြတ်သားစွာ ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ လုပ်ဆောင်ချက်ကို အပြည့်အဝ ထောက်ခံကြောင်း၊  ဤလုပ်ဆောင်ချက်သည် အမှန်တရားကို ဖော်ပြခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း နားလည်လာစေရေးအတွက် အရေးပါကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ICJ တွင် ကြိုးပမ်းနေသည့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုထောက်ခံကြောင်း၊ နိုင်ငံတော်၏ မူဝါဒနှင့် သဘောထားများနှင့် တစ်သားတည်း ရပ်တည်နေကြောင်း၊ ဤပွဲသည် နိုင်ငံတကာတရားရုံးရှေ့မှောက်တွင် မြန်မာနိုင်ငံ၏ တရားဝင်တရားရုံးခံ ခုခံချေပမှုကို ပြည်တွင်းမှ ပြည်သူလူထုက စည်းလုံးညီညွတ်စွာဖြင့် ဝန်းရံထောက်ခံကြောင်း ဖော်ပြသည့် ပြည်တွင်းစည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခု ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုကြသည်။


#MNP #News

No comments:

Post a Comment