နိုင်ငံခြားထွက်ကျောင်းတက်သူတွေကို အကြမ်းဖက်အဖွဲ့တွေက ပစ်မှတ်ထားပြီးစည်းရုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားထွက်ကျောင်းတက်သူတွေကို အကြမ်းဖက်အဖွဲ့တွေက ပစ်မှတ်ထားပြီးစည်းရုံး


ဇန်နဝါရီ - ၁၀ ( စနေနေ့ ) 

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် အစွန်းရောက် အကြမ်းဖက် အစ္စလာမ်အုပ်စုတွေရဲ့ပစ်မှတ် အဖြစ်ခံရမှာစိုးလို့ ယူကေတက္ကသိုလ်များတွင် ကျောင်းသားများ စာရင်းသွင်းခြင်းအား ကန့်သတ်ရန်နှင့် ပညာရေး ထောက်ပံ့ကြေး အစီအစဉ်ကို ဖြတ်တောက်ရန် ရွေးချယ်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြပါတယ်။ 

ဗြိတိန်တက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ ယူအေအီး ကျောင်းသားတွေကို မွတ်စလင်ညီအကိုတော်များအဖွဲ့ လို အကြမ်းဖက် အစ္စလာမ္မစ်အုပ်စုများက ပစ်မှတ်ထားနေတယ်လို့ ပင်လယ်ကွေ့နိုင်ငံအစိုးရက ယုံကြည်နေပါတယ်။ မွစ်စလင် ညီအကိုတော်များအဖွဲ့လို နိုင်ငံဖြတ်ကျော် အစ္စလာမ္မစ်အဖွဲ့အစည်းများကို UAE တွင် အကြမ်းဖက်အဖွဲ့အဖြစ် အသိအမှတ်ပြုထားပါတယ်။ 

ယူအေအီးသည် ယူကေတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် ကျူရှင်၊ နေရာထိုင်ခင်းနှင့် အခြားသော အသုံးစရိတ်များအကျုံးဝင်တဲ့ ခမ်းနားသော ပညာရေးထောက်ပံ့ကြေးများ ပေးတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားတွင် ပညာသင်ကြားခွင့်ကို ပိတ်ပင်တားမြစ်ထားခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ရဲ့ပညာရေးအတွက် ကိုယ့်စရိတ်ကိုယ်ခံ လိုသူတွေအတွက် လွတ်လပ်စွာ သင်ယူနိုင်ဆဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လက အဆင့်မြင့်ပညာဝန်ကြီးဌာနသည် ပညာသင်ထောက်ပံ့ကြေးခွင့်ပြုမယ့် တက္ကသိုလ်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဗြိတိန်တက္ကသိုလ်တွေ ရဲ့ နာမည်မပါလာပါဘူး။ 

“ယူအေအီးက သူတို့ရဲ့ ကလေးတွေကို ကျောင်းဝင်းထဲမှာ အစွန်းရောက်တွေ မဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။ ၁၉၂၀ ခုနှစ်တွေမှာ အီဂျစ်မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အာရပ်နွေဦး (Arab Spring) လို့ ခေါ်တဲ့ နိုင်ငံတကာ အစ္စလာမ်းမစ်ကွန်ရက်ဖြစ်တဲ့ မွတ်စလင်ညီနောင်များအဖွဲ့ကို ယူအေအီး က အရေးယူခဲ့ပါတယ်။ အကြမ်းဖက်အစ္စလမ္မစ်များရဲ့ တွန်းအားပေးမှုကြောင့် အုံကြွမှု ဆက်တိုက်ဖြစ်ပေါ်လာပြီး အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိက တလွှားရှိ အစိုးရ အများအပြားကို ဖြုတ်ချခဲ့ပါတယ်။ ဆီးရီးယား နှင့် လစ်ဗျား အပါအဝင် နိုင်ငံအများအပြားသည် နှစ်ပေါင်းများစွာ သွေးထွက်သံယို ပြည်တွင်းစစ် အဖြစ်သို့ ထိုးဆင်းသွားခဲ့ပါတယ်။ 

UAE က အဆိုပါအဖွဲ့အစည်းအား ပြည်တွင်း၌ တားမြစ်ထားပြီး မွတ်စလင်ညီအကိုတော်များအဖွဲ့အား နိုင်ငံတကာမှ အကြမ်းဖက်အဖွဲ့အဖြစ် အသိအမှတ်ပြုရန် တွန်းအားပေးလျက်ရှိသည်။ အဆိုပါအဖွဲ့အား ရုရှား၊ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်နှင့် အခြားနိုင်ငံအများအပြားတွင်လည်း တားမြစ်ထားပြီးဖြစ်ပါတယ်။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)