နီပိန်းတွေ ဘာကြောင့် ပဒက်လုပ်နေကြသလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပိန်းတွေ ဘာကြောင့် ပဒက်လုပ်နေကြသလဲ





ဟုမ္မလင်းမြို့နယ်က အသိတစ်ဦးက ဆက်သွယ်ပြီး သတင်းလှမ်းပို့တယ်ဗျ။ သူပို့တဲ့ သတင်းကတော့ တိုတိုလေးပါ။ အဲဒါက "ဟုမ္မလင်းမြို့နယ်၊ ပင်ခုတ်နတ်နန်းမှာ PDF တွေသောင်းကျန်းနေ၊ PDF အစုလိုက်အပြုံလိုက် ပြည်သူတွေအပေါ် ဒီဇယ်တစ်လုံးကို သုံးသိန်းနှုန်း ကောက်ခံစားနေသည်။ ဆယ်ရက်တစ်ပတ်ကို သိန်းပေါင်းသုံးသောင်းကျော်ရရှိနေသည်။ ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန်" ဆိုတာပါပဲ။

ဒီသတင်းလေး ရောက်လာတော့ ဟုမ္မလင်းနယ်ဘက်က သူပြောတဲ့နေရာ၊ မြေပြင်အခြေအနေကို သိချင်တာနဲ့ Google Map မှာ ရှာကြည့်တာပါ။ မြေပြင်အခြေအနေမှာတော့ ပူးတွဲဖော်ပြပါ ဓာတ်ပုံများအတိုင်းပါပဲဗျာ။ 

ဓာတ်ပုံမှတ်တမ်းများမှာ မြေပြင်အခြေအနေက သာမာန်မဟုတ်ဘူး ဆိုတာကို ကြည့်မိသူတိုင်း သိမြင်နိုင်ပါတယ်။ ဟုမ္မလင်းနယ်တခွင် ပြဲပြဲစင်အောင် သယံဇာတတွေ ထုတ်လုပ်နေတယ်။ အဓိကအားဖြင့်တော့ ရွှေတွင်းတွေ၊ ရွှေမျောတွေပေါ့။ ဒီလိုနေရာမှာ နီပိန်း ပဒက်တွေက ဒီလုပ်ငန်းတွေပေါ်ကနေ ဆက်ကြေးကောက်ပြီး အကျိုးအမြတ်ရနေတယ်။ သတင်းပေးသလို ဆယ်ရက်တစ်ပတ်ကို သိန်းပေါင်းသုံးသောင်းကျော်ရနေတယ် ဆိုတာ နည်းသေးတယ်လို့တောင် ပြောနိုင်ပါတယ်။ လုပ်ငန်းလုပ်ဖို့ စက်သုံးဆီတင်သွင်းလာသူထံကလည်း ဆက်ကြေးကောက်တယ်။ ရွှေတွင်း၊ ရွှေမျောတွေဆီကလည်း ဆက်ကြေးကောက်မယ်။ လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက်ကလည်း သူတို့ကို ပေးရတာထက် များစွာအကျိုးအမြတ်ရနေရင် တပ်ကတောင်းလည်း ပေးမှာပဲ။ ပဒက်ကတောင်းလည်း ပေးမှာပဲ။

အဲဒီတော့ နီပိန်း ပဒက် လူပေါ်လူဇော်လုပ်ပြီး ကိုယ်ကျိုးရှာချင်သူတွေအတွက်က ဒီထက်ကောင်းတဲ့ အခွင့်အရေး ဘယ်မှာ ရှာလို့ရမှာလဲ။ သူတို့လက်ထဲမှာ လက်နက်ကိုင်ထားတော့ သူတို့နဲ့ တုဖက်ပြိုင်ပြီး ဘယ်သူကမှ ပြောလို့မရတော့ဘူး။ ဒီလူတွေရဲ့ အသက်က သူတို့ရဲ့ လက်ထဲမှာပဲ ရှိနေတယ်။

ဒီအခြေအနေအပေါ်မှာ ဆက်စပ်ပြီး သုံးသပ်ကြည့်ရင် ဤနေရာ ဤဌာနမှာ တာဝန်ယူဆောင်ရွက်နေရတဲ့ အာဏာပိုင်များ ဒီအခြေအနေကို မသိဘူးဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သိနေ မြင်နေကြမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် နီပိန်းပဒက်တွေကို ဘာကြောင့်မရှင်းသလဲ။ အကျိုးစီးပွားနဲ့ တိုက်ရိုက်အချိုးကျနေသလား။

ဒီရွှေတွင်း၊ ရွှေမျောတွေက နီပိန်း ပဒက်တွေရဲ့ ငွေတွင်း။ ငွေရတော့ KIA ထံက လက်နက်ကောင်းကောင်းဝယ်နိုင်တယ်။ ဒေသခံပြည်သူများကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်။ ဒေသလုံခြုံရေးအဖွဲ့တွေမှာ တချို့က ပဒက်လောက် လက်နက်မကောင်းဘူး။

အကြမ်းဖက်လှုပ်ရှားမှု သံသရာရှည်ခြင်း အကြောင်းက မွေးထားတာလား။ အကျိုးတူလား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒေသခံ ပြည်သူများမှာတော့ နီပိန်း ပဒက် ငမိုက်သားများကို ခေါင်းမော်ပြီး မကြည့်ဝံ့တဲ့ အခြေအနေပေါ့ဗျာ -

ကြီးပွားချမ်းသာ တိုးတက်ကြပါစေ၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်များကို ရှောင်ရှားနိုင်ကြပါစေဟုသာ -


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)