တောင်ကိုရီးယားမှာ သေကြောင်းကြံမှုနဲ့ ကူးစက်ရောဂါကြောင့် သေဆုံးမှုက ပိုများ လို့ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကိုရီးယားမှာ သေကြောင်းကြံမှုနဲ့ ကူးစက်ရောဂါကြောင့် သေဆုံးမှုက ပိုများ လို့ဆို




ဇန်နဝါရီ- ၁၃ ( အင်္ဂါနေ့) 

တောင်ကိုရီးယားမှာ ကိုယ့်ကိုယ်ကို သတ်သေမှု နဲ့ တီဘီရောဂါလို ကူးစက်ရောဂါများကြောင့် သေဆုံးမှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ၃၈ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(OECD) ရဲ့ အဖွဲ့ဝင်နိုင်ငံများတွင် ပျမ်းမျှထက် ပိုများခဲ့ပြီး ယာဉ်မတော်တဆမှု၊ မှုခင်းနှင့် မီးလောင်မှု တို့ကြောင့် သေဆုံးမှု နည်းပါးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ 

ပြည်ထဲရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာနသည် ၎င်း၏ ၂၀၂၅ ဒေသတွင်း ဘေးကင်းရေး အညွှန်းကိန်း စာရင်းဇယားများကို အခြေခံ၍ ထုတ်ပြန်ခဲ့ပါတယ်။ အညွှန်းကိန်းသည် ယာဉ်မတော်တဆမှု၊ မီးလောင်ကျွမ်းမှု၊ မှုခင်း၊ နေ့စဉ်ဘဝဘေးကင်းရေး၊ သတ်သေမှုနှင့် ကူးစက်ရောဂါများ အမျိုးအစားခြောက်မျိုးတွင် သေဆုံးမှုဒေတာကို အသုံးပြု၍ ဒေသတွင်းဘေးကင်းလုံခြုံရေးကို နှိုင်းယှဉ်ထားပါတယ်။ ၂၀၂၄ ခုနှစ်တွင် အမျိုးအစားခြောက်မျိုးဖြင့် သေဆုံးသူ စုစုပေါင်း ၂၃၁၁၂  ဦးရှိပြီး ယခင်နှစ်ကထက် ၁၂၂၆ ဦး သေဆုံးမှု တိုးလာကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၁ ဦးရှိခဲ့ပြီး ၂,၃၃၄ ဦး ကျဆင်းခဲ့သည်။ မိမိကိုယ်ကို သတ်သေသူ ၈၉၄ ဦး တိုးလာကြောင်း ဝန်ကြီးဌာနက ဆိုပါတယ် ။ နေ့စဉ် အသက်အန္တရာယ်ကင်းရှင်းရေး ဖြစ်စဉ်များနှင့်ဆက်စပ်၍ သေဆုံးသူ ၂၆၄ ဦး၊ ကူးစက်ရောဂါ ၇၃ မှု၊ မီးလောင်မှု ၂၄ မှုနှင့် ရာဇဝတ်မှု ၂ မှု တိုးလာခဲ့ပါတယ်။ 

တီဘီရောဂါက ကူးစက်ရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ ကူးစက်ရောဂါကြောင့် သေဆုံးမှု ၁၇၈၇ မှုအနက် ၁,၃၄၇ ယောက်က တီဘီကြောင့် သေဆုံးခဲ့ရပါတယ်။  OECD ၏ အဖွဲ့ဝင် ၃၈ နိုင်ငံတွင် တောင်ကိုရီးယားသည် တီဘီရောဂါဖြစ်ပွားမှုနှုန်း ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး တီဘီရောဂါသေဆုံးမှုနှုန်းမှာ ပဉ္စမမြောက်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုက လူ ၁သိန်း မှာ ၂၉ ဦးရှိပါတယ်။ OECD နိုင်ငံတွေမှာ ပျမ်းမျှ သေကြောင်းကြံမှုက လူ ၁သိန်းမှာ ၁၁ ယောက်ရှိတယ်လို့ သိရပါတယ်။ 


REF: UPI

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)