ချမ်းအေးသာစံ၊ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ (ညံတော) ခေတ်မီဈေးသစ်ကြီး အောင်မြင်စွာဖွင့်လှစ်နိုင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ နိုင်ငံ တကာအဆင့်မီ သုမင်္ဂလာ (ညံတော) ခေတ်မီဈေးသစ်ကြီးသို့ ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သုမင်္ဂလာ(ညံတော) ခေတ်မီဈေးသစ်ကြီးအပေါ်ထပ်ရှိ မင်္ဂလာခန်းမတွင် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ရှိ နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ(ညံတော) ခေတ်မီဈေးသစ်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားကြရန်၊ ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးရာ ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် (၁၄၅၄.၄၄) သန်းဖြင့် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ပဒေသာမြို့သစ် ရပ်ကွက်ကြီး (၈) နှင့် (၁၀) ရှိ တောင်မြောက်ဆက်သွယ်ထားသော အဓိကလမ်းမကြီး (၄) ခုနအနက် သိင်္ဂီလမ်းအရှည် (၈၇၀၀) ပေ မူလလမ်းအကျယ် (၁၆) ပေမှ (၂၄) ပေ အကျယ်လမ်းချဲ့ခြင်းလုပ်ငန်းနှင့်ရတနာလမ်း အရှည် (၇၃၁၃) ပေ မူလလမ်းအကျယ် (၁၂) ပေမှ (၂၄) ပေအကျယ် လမ်းချဲ့ခြင်းလုပ်ငန်း ဆောင် ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပြင်ဦးလွင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းအရည်အသွေပြည့်မီစေရေး အလေး ထားဆောင်ရွက်ရန်၊ ကတ္တရာလမ်းပေါ်တွင် ရေတင်ကျန်မှုမရှိစေရေး Camber များ စနစ်တကျဖြစ်စေရေး၊ လမ်းဘေးရေမြောင်းများ စနစ်တကျရှိစေရေးတို့ကို ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဂဲလောင်းချောင်းရေရှည်တည်တံ့ရေးအတွက် ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၆၉.၃) သန်းဖြင့် ဆောင်ရွက်ထားရှိသည့် အရှည် (၁၀၄၁) ပေနှင့် အကျယ် (၁၂) ပေရှိ ဂဲလောင်း ချောင်း ဘေးဝဲ/ယာကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် ချောင်းအတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
၎င်းနောက် ပြင်ဦးလွင်မြို့ ဘူတာအနီးရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၁) သို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ၊ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းဥပစာရှေ့တွင် ၁၀ပေအကျယ်ရှိ လူသွားပလပ်ဖောင်းတည် ဆောက်သွားနိုင်ရန်နှင့် ပြင်ဦးလွင်ဘူတာအနီးရှိ အောင်ဇေယျလမ်းမအား ၄၈ ပေ အကျယ် တိုးချဲ့နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဆောင်ရွက်မည့်လုပ်ငန်းများကို အမြန်ဆုံးစတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအုပ်စု မန္တလေး-ပြင်ဦးလွင် လမ်းအဆင်း မိုင်တိုင် ၂၃/၃ မှ ဗဟိုမီးသတ်သင်တန်း ကျောင်းထိ ၃ မိုင် အရှည်အထိ မြေသားလမ်း အကျယ်ပေ (၁၀၀) အတွင်း ကတ္တရာလမ်း (၂၄) ပေ အကျယ်ခင်းရန်အတွက် လမ်းအူကြောင်းဖောက်လုပ်နေမှုနှင့် ၂ မိုင် ဖောက်လုပ်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
#MNP #News

No comments:
Post a Comment