ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု


ချမ်းအေးသာစံ၊ ဇန်နဝါရီ ၁၃

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုသိမ်ကြီးမြို့နယ်ရှိ အေဒီ ၁၀၅၈ တွင် မူလအလှူရှင် စောမွန်လှတည်ထားခဲ့ပြီး အင်းဝမိုးညှင်းမင်းတရားကြီး ဆင်ဖြူရှင်မင်းနှင့်ရသေ့ကြီးဦးခန္တီတို့ ပြန်လည်မွမ်းမံတည်ထားခဲ့သည့် သမိုင်းဝင်သစ္စာအဓိဋ္ဌာန်အောင်ရွှေစာရံမြတ်စွာဘုရားသို့ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သည်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လိုက်ပါပြီး သွားရောကဖူးမြော် ကြည့်ရှုခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစာရံမြတ်စွာဘုရားအား ဖူးမြှော်ကြည်ညို၍ ရွှေသင်္ကန်းများ ကပ်လှူခဲ့ကြပြီးနောက် ဂေါပအဖွဲ့ထံသို့ အလှူငွေများ လှူဒါန်းခဲ့သည်။

၎င်းနောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်‌ ရွှေစာရံစေတီတော်ထီးတော်နှင့် သာသနိကအဆောက်အအုံများ၊ ဖိုးကုလားဂူဘုရားတို့အား ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား ထိခိုက်ပျက်စီးခဲ့သည့်  ရှေးဟောင်းအဆောက်အအုံများအား ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူမပျက်ဆောင်ရွက်ရန်၊ ဘုရား၊ စေတီများတွင်ရှိသည့် နံရံဆေးပန်းချီများကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းနိုင်ရေးတို့ကို အလေးထားကာ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး ရှင်းလင်းတင်ပြများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ချမ်းမြေ့မောင်(ချမ်း/စံ)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)