ဇန်နဝါရီ - ၁၃ ( အင်္ဂါနေ့)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရေးပေါ် လုံခြုံရေးသတိပေးချက် ထုတ်ပြန်ထားပြီး အီရန်နိုင်ငံရှိ အမေရိကန် နိုင်ငံသား အားလုံးကို ဝါရှင်တန်ထံမှ အကူအညီ မမျှော်လင့်ဘဲ ကိုယ့်အစီအစဉ်နဲ့ အီရန်နိုင်ငံတွင်းကချက်ချင်း ထွက်ခွာရန် သတိပေးထားပါတယ်။
အီရန်နိုင်ငံသည် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများဖြစ်ပေါ်နေပြီး ပြည်သူနဲ့ အာဏာပိုင်များကြား အသေအပျောက်များသော ပဋိပက္ခများ ဖြစ်ပွားခဲ့ပါတယ်။ အီရန်အစိုးရက ပြည်ပအကြမ်းဖက်မှုတွေ ဝင်လာမှာစိုးလို့ မိုဘိုင်းနှင့် အင်တာနက် ကွန်ရက်များကို ပိတ်ပစ်ပြီး ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ထားပါတယ်။
“အခုပဲ အီရန်က ထွက်ခွာလိုက်ပါ” လို့ အီရန်နိုင်ငံဆိုင်ရာ အွန်လိုင်း အမေရိကန်သံရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ "အမေရိကန်အစိုးရက အီရန်က ထွက်ခွာလာတဲ့သူတွေကို လုံခြုံရေး အာမခံချက်ပေးမှာ မဟုတ်ကြောင်းနဲ့ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ပြီး ခရီးသွားအစီအစဉ်တွေ လုပ်ဖို့လိုကြောင်း ပြောပါတယ်။
"အီရန်ရှိ အမေရိကန်နိုင်ငံသားများအနေနဲ့ ခေါ်ယူမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းများလို သိသာထင်ရှားသော အန္တရာယ်များ ရှိနေပါတယ်။ အမေရိကန်နိုင်ငံကူးလက်မှတ် ရှိတယ်ဆိုတာနဲ့တင် အဖမ်းခံရနိုင်ပါတယ်။ အီရန်က ထွက်ခွာဖို့ ၂ နိုင်ငံပတ်စ်ပို့ လိုတယ်"လို့လည်းအကြံပြုထားပါတယ်။
နောက်ဆက်တွဲ အကြံပေးချက်မှာတော့ “အီရန်နိုင်ငံက မထွက်ခွာနိုင်ပါက သင်၏နေအိမ် သို့မဟုတ် အခြားဘေးကင်းသော အဆောက်အဦအတွင်း လုံခြုံသောတည်နေရာကို ရှာဖွေရန် နှင့် အစားအသောက်၊ ရေ၊ ဆေးဝါးနှင့် အခြားလိုအပ်သောပစ္စည်းများကို သိုလှောင်ရန် ထပ်လောင်းညွှန်ကြားထားပါတယ်။
အီရန်၊ အမေရိကန် နဲ့ အစ္စရေး တို့ကြား တင်းမာမှုများက ၂၀၂၅ ခုနှစ် နွေရာသီကတည်းကစခဲ့ပြီး အမေရိကန်က အစ္စရေးနှင့် ပူးပေါင်းကာ အီရန်ရဲ့ အဓိကနျူကလီးယားနေရာများကို ဗုံးကြဲခဲ့ချိန်မှစပြီး တင်းမာမှုများ မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါတိုက်ခိုက်မှုသည် နျူကလီးယားလက်နက်ထုတ်လုပ်ရေးကို တာဆီးရန်ဖြစ်တယ်လို့ ဆိုပေမဲ့ အီရန်ဘက်ကတော့ စွပ်စွဲချက်များကို ငြင်းဆိုထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment