သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေ






သဲကုန်း၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က ရပ်ကွက်(၄)၊ ပေါက်တောရပ်၊ တပ်ရွာ၊ ဆင်စွယ်ရကျေးရွာနှင့် ထန်းရင်းကျေးရွာများရှိ ​မဲဆန္ဒရှင်ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် ဝန်ထမ်းများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်သော လက်ကမ်းစာစောင်များအား ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။


ဦးဝေယံကျော် 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)