မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်မြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကျင်းပ



မူဆယ် ၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်ဆင့်/မြို့နယ်ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြေယာနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးဆောင်ရွက်ခဲ့မှုအခြေအနေများအား ဆွေးနွေးခဲ့သည်၊၊

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မူဆယ်တာဝန်ခံ ဦးညီညီထွန်းက ဆွေးနွေးရာတွင် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာ အစရှိသည့် အရှေ့တောင်အာရှ နိုင်ငံများတွင် အခြေစိုက်လည်ပတ်မှုများပြီး နယ်စပ်ဒေသများတွင် အခြေစိုက်လေ့ရှိကာ နိုင်ငံပေါင်းစုံမှ ပညာတတ် ဘာသာစကားကျွမ်းကျင်သည့် လူငယ်များအား မြင့်မားသည့်လစာဖြင့် မက်လုံးပေးမှုကြောင့် လူကုန်ကူးခံရကာ ကျားဖြန့်လုပ်ငန်းတွင် အတင်းအကျပ် ဖိအားပေးစေခိုင်းခံနေရသည်။ အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အစရှိသည့် အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများမှ လူငယ်များ လူကုန်ကူးခံနေရကြောင်းကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မူဆယ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးကလည်းကောင်း Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် တာဝန်ရှိသူများက ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက် ရှင်းလင်းခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆင့်/မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)