ဇန်နဝါရီ - ၁၄ ( ဗုဒ္ဓဟူးနေ့ )
လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နှိမ်နင်းမှုကြောင့် ဆန္ဒပြသမား ၁၂,၀၀၀ သေဆုံးနိုင်တယ်လို့ သတင်းများထွက်ပေါ်နေရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်ဆန္ဒပြသူများကို အီရန်အစိုးရအား ဆက်လက်စိန်ခေါ်ရန် မနေ့က တိုက်တွန်းအားပေးခဲ့ပါတယ်။ ထရမ့်က အီရန်အရာရှိများနှင့် တွေ့ဆုံမှုအားလုံးကို ဖျက်သိမ်းလိုက်ပြီး အီရန်ဆန္ဒပြသူများအတွက် အကူအညီပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
"အီရန်မျိုးချစ်တို့၊ ဆက်ပြီး ဆန္ဒပြကြစို့- မင်းတို့ရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို သိမ်းပိုက်!!!" လို့ ထရမ့်က ရေးတင်ခဲ့ပါတယ်။ “လူသတ်သမားတွေနဲ့ အလွဲသုံးစားလုပ်သူတွေရဲ့ နာမည်တွေကို မှတ်တမ်းတင်ထားပါ ။ သူတို့ကို တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းမယ် ။ ဆန္ဒပြသူတွေကို အသိတရားမဲ့ သတ်ဖြတ်မှု မရပ်မချင်း အီရန် အရာရှိတွေနဲ့ တွေ့ဆုံမှု အားလုံးကို ဖျက်သိမ်းလိုက်ပါပြီ။ အကူအညီတွေ ရနေပါပြီ။ အားတင်းထား MIGA!!!"လို့လည်း ရေးတင်ပါတယ်။
အီရန်ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် ဒီဇင်ဘာ ၂၈ ရက်က ဆန္ဒပြမှုများအပြီး အီရန်လုံခြုံရေးတပ်ဖွဲ့များက အနည်းဆုံး ဆန္ဒပြသူ ၁၈၅၀ ထက်မနည်း သေဆုံးစေခဲ့တယ်လို့ အမေရိကန်သတင်း ဌာနတွေက ဆိုပါတယ်။
ထရမ့် နဲ့ ၎င်းရဲ့ အကြီးတန်း အမျိုးသားလုံခြုံရေးအဖွဲ့က အင်္ဂါနေ့တွင် အီရန်အရာရှိများနဲ့ တွေ့ဆုံရန် စီစဉ်ထားခဲ့ပေမဲ့ ဖျက်သိမ်းလိုက်ပါတယ်။ ထရမ့်ရဲ့ ရွေးချယ်စရာများထဲတွင် အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှု တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။
အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးခေါင်းဆောင် ကာရိုလိုင်းလီဗစ်က မီဒီယာများကို တနင်္လာနေ့က "သမ္မတ ထရမ့်ရဲ့ သိပ်ကောင်းတဲ့အရာတစ်ခုက သူ့ရဲ့ရွေးချယ်စရာအားလုံးကို စားပွဲပေါ်မှာ အမြဲထားနေပါတယ် ။ လေကြောင်းတိုက်ခိုက်မှုများကတော့ ကာကွယ်ရေးဦးစီးချုပ်အတွက် စားပွဲပေါ်တင်ထားသော ရွေးချယ်စရာများစွာထဲမှတစ်ခုဖြစ်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment