နမ့်စန်မြို့ အထက-ခွဲ(၅ရပ်ကွက်)တွင် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြော၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့ အထက-ခွဲ(၅ရပ်ကွက်)တွင် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြော၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း



နမ့်စန်(တ)  ၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ဆောင်ရွက်သည့် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(၅ရပ်ကွက်)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ အထက-ခွဲ(၅ရပ်ကွက်) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လွိုင်လင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်နှင့် နမ့်စန်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းတို့က “လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)