Pages

Pages

သုံးခွမြို့၌ မဲရုံသုံးပစ္စည်းများ စတင်ထုတ်ပေး




သုံးခွ၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အတွက် ကြိုတင်မဲပေးနိုင်ရေး ကြိုတင်မဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် မဲပုံး၊ ပလပ်စတစ်ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ မင်ဗူး၊ လုံခြုံရေးကြိုးများနှင့် ကြိုတင်မဲလက်မှတ်များကို ရပ်ကွက်ကျေးရွာအတွင်းရှိ ရပ်/ကျေး စာရေးများထံ စနစ်တကျပေးအပ်ခဲ့ကြောင်း သိရပြီး ကြိုတင်မဲများကို ၁၅-၁-၂၀၂၆ ရက်နေ့မှ ၂၄-၁-၂၀၂၆ ရက်နေ့ထိ သက်ဆိုင်ရာမဲရုံများတွင် မဲရုံတာဝန်ကျဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ မဲပေးနိုင်ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၁၃၄၇၀၈) ဦး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံပေါင်း (၁၃၄) ရုံ သတ်မှတ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။


စည်သူလင်း 

#MNP #News 

No comments:

Post a Comment