Pages

Pages

မိတ္ထီလာတက္ကသိုလ်၌ အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲ ကျင်းပ


မိတ္ထီလာ၊ ဇန်နဝါရီ ၁၅

မိတ္ထီလာတက္ကသိုလ်၌ အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲတွင် ဦးစွာ ပါမောက္ခချုပ်ဒေါက် တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟောပြောမည့် ဒုတိယပါမောက္ခချုပ်ဒေါက်တာနေအောင်၏ ကိုယ်ရေးအကျဉ်းကို အခမ်းအနားမှူးက ဖတ်ကြားသည်။

ထို့နောက် အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်းကို ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်က မိတ်ဆက်ဟောပြောဆရာ ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်လင်း၊ ဆရာ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် အဆိုပါတက္ကသိုလ်မှဝန်ထမ်းများ တက်ရောက်အားပေးသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယပါမောက္ခ ချုပ်ဒေါက်တာနေအောင်က ပြန်လည်ဆွေးနွေးဖြေကြားသည်။

အဆိုပါ အာဆီယံတက္ကသိုလ်များကွန်ရက်၏ အရည်အသွေးအာမခံမှုစနစ်အကြောင်း မိတ်ဆက်ဟောပြောပွဲကို မွန်းလွဲ ၂ နာရီတွင် ဝန်ဇင်းခန်းမတွင် ဒုတိယအကြိမ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


ချမ်းသာ (မိတ္ထီလာ)

#MNP #News 

No comments:

Post a Comment