ထန်းတပင်မြို့နယ်၌ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးနေမှု အခြေအနေများ လှည့်လည်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးနေမှု အခြေအနေများ လှည့်လည်ကြည့်ရှု




ထန်းတပင်(ရန်ကုန်) ၊  ဇန်နဝါရီ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ မဲရုံအသီးသီးတို့တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများလာရောက် ဆန္ဒမဲပေးနေမှု အခြေအနေများကိုကြည့်ရှု အားပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများနှင့်ရင်းရင်းနှီးနှီး နှုတ်ဆက်စကားများ ပြောကြားခဲ့သည်။ 

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၅၉)အုပ်စုတို့တွင် မဲရုံ(၁၂၇)ရုံရှိပြီး မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လွတ်လပ်စွာစနစ်တကျလာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)