ပေါင်၊ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ တပ်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့လိုက်လံကြည့်ရှုရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများအလိုက် ပြည်သူများ လွတ်လပ်၍အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ကောင်းမွန်စွာ တပ်ဆင်စမ်းသပ်မှုအခြေနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို မဲရုံးမှူး၊ ဒုတိယမဲရုံးမှူးနှင့် မဲရုံတာဝန်ကျဝန်ထမ်းများ လမ်းညွှန်မှာကြားခဲ့ပြီး၎င်းတို့၏ တင်ပြင်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မွန်မလေး
#News #MNP





No comments:
Post a Comment