Pages

Pages

သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းက ကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနား ကျင်းပ



သာစည်  ၊ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းကကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာစည်မြို့အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့်တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးနှင့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးကျောင်းဆရာတော်တို့ထံမှ ဩဝါဒါခံယူကြသည်။ ဆက်လက်၍ နိုင်ငံတော်ဗဟိုဝန်ဆောင် ပရိယတ္တိမာမကအသင်းဥက္ကဋ္ဌ သာယာကုန်းကျောင်းတိုက်ဆရာတော်က ဩဝါဒါစကားနှင့် အဖက်ဖက်မှ ကူညီပံ့ပိုးကြသော ရဟန်းရှင်လူများအား ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် ပထမပြန်စာမေးပွဲအောင် ၄ ပါးနှင့် ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေ ၉၈ ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ဆွမ်းလောင်းအသင်းများက စာအောင်လက်မှတ်များ၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment