Pages

Pages

ရုရှား - ယူကရိန် - အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ဆက်လုပ်နေ


ဇန်နဝါရီ - ၂၄ ( စနေနေ့ ) 

ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့ကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အာရပ်စော်ပွားများနိုင်ငံ (UAE) က အဘူဒါဘီမြိုတွင် စနေနေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မီဒီယာအများအပြားက ဖော်ပြကြပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့တဲ့ ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးနိုင်ငံ ပုံစံဖြင့် တွေ့ဆုံခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ပထမနေ့အပြီးတွင် တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ “ဆွေးနွေးပွဲ ကနေ ဘယ်သူမှ ရှောင်မသွားပါဘူး” လို့ ယင်းကိစ္စနှင့် နီးစပ်သူတစ်ဦးက ဆိုပါတယ်။  အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက NBC သတင်းဌာနကို သီးခြားပြောကြားရာတွင် ဆွေးနွေးပွဲများသည် အကျိုးဖြစ်ထွန်းကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားဘက်က သမ္မတလက်ထောက် ယူရီအက်ရှာကော့ဗ် ဦးဆောင်ပြီး ယူကရိန်းဘက်က GRU စစ်ထောက်လှမ်းရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ် အိုင်ဂါကော့စ်ယူကော့ဗ် ဦးဆောင်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အာရုံစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့ပါတယ်။ 

"ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ ကျနော်တို စိတ်ဝင်တစားရှိနေဆဲပါ။ အဲဒီလိုတွေမဖြစ်ခဲ့ရင်တော့ ရုရှားတပ်တွေက စစ်မြေပြင်မှာ သူတိုရဲ့ရည်မှန်းချက်တွေကို ဆက်လက်ပြီး ပြီးမြောက်အောင် လုပ်ဆောင်သွားကြမှာပါ" လို့ ရုရှား သံတမန်အကြီးအကဲကပြောပါတယ်။ 

နယ်မြေပြဿနာသည် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အကြီးမားဆုံး အတားအဆီးဖြစ်နေဆဲလို့ သုံးဖွဲ့လုံးက ပြောပါတယ်။ မော်စကိုသည် ယူကရိန်းတပ်များကို ရုရှားထိန်းချုပ်မှုအောက်ရှိ နယ်မြေဒေသများမှ ရုပ်သိမ်းရန် နဲ့ ရုရှားရဲ့ နယ်နိမိတ်အသစ်များကို အသိအမှတ်ပြုရန် ကာလရှည်ကြာ တောင်းဆိုထားပါတယ်။ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လင်စကီးက အဲဒီလို လိုက်လျောမှု မလုပ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment