ဇန်နဝါရီ - ၂၄ ( စနေနေ့ )
တောင်အာဖရိကနိုင်ငံမှာ ကြီးလေးသောရာဇ၀တ်မှုပြဿနာရှိနေပေမဲ့ “လူဖြူလူမျိုးတုံးသတ်ဖြတ်မှုမဟုတ်” ဘူးလို့ စိုက်ပျိုးရေးဝန်ကြီးနှင့် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ခေါင်းဆောင် ဂျွန်စတင်းဟွိက်ဆန်က နိုင်ငံအတွင်း လူမျိုးရေးခွဲခြားဆက်ဆံမှု စွပ်စွဲချက်များအား ပယ်ချကြောင်း ပြောကြားခဲ့ပါတယ်။
စတင်းဟွိက်ဆန် က ကျေးလက်ဒေသတွေမှာ လုံခြုံရေးဆိုင်ရာ ပြဿနာများရှိနေပြီး လယ်ယာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ လူသတ်မှုများရှိနေကာ ၎င်းတို့ရဲ့ သဘောသဘာဝအရ ရက်စက်ကြမ်းကြုတ်ပါတယ်လို့ ဆိုပါတယ်။
“ဒါပေမယ့် စာရင်းဇယားတွေကို ကြည့်မယ်ဆိုရင် ရာဇဝတ်မှုပြဿနာက ဘယ်မှာဖြစ်နေတာလဲ၊ ဘယ်သူတွေက ကျူးလွန်နေတာလဲ ဆိုတာကို တွေ့ရမှာပါ။ လူဖြူလူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးဆိုတာကလည်း ရှင်းပါတယ်” လို့ ဆိုပါတယ်။
"ကျနော်တိုဆီမှာ လူဖြူတွေတင် အသတ်ခံနေရတာ မဟုတ်ပါဘူး။ ရောင်စုံနဲ့ လူမည်း တောင်အာဖရိကသားတွေ အပြင် အိန္ဒိယ တောင်အာဖရိကနဲ့ အာရှတောင် နွယ်ဖွားတွေလည်း သတ်ဖြတ်ခံနေရတယ်" လို့ ကြာသပတေးနေ့ က အင်တာဗျူးမှာပြောသွားပါတယ်။
တောင်အာဖရိကတွင် လူဖြူလူမျိုးတုံးသတ်ဖြတ်မှုရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုသီတင်းပတ်တွင် ထပ်လောင်းပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ယင်းမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ စတင်းဟွိက်ဆန်ရဲ့ အဆိုအရ ထရမ့်သည် တောင်အာဖရိကနှင့် ပတ်သက်၍ လိမ်ညာခြင်းခံရကြောင်း ထင်ရှားနေပါတယ်။
“ဆန့်ကျင်ဘက် အထောက်အထားတွေ အားလုံးက တောင်အာဖရိကမှာ ဒီလိုမဟုတ်ကြောင်း ပြသဖို့ ခက်ခဲတဲ့ စာရင်းဇယားတွေနဲ့ အားထုတ်မှုတွေ အများကြီးရှိပေမဲ့ ဒါဟာ သူက ကျနော်တို့နိုင်ငံအပေါ်ထားတဲ့ ခံယူချက်ပါပဲ” လိုပြောပါတယ်။
REF: RT
#MNP #News



No comments:
Post a Comment