တနင်္သာရီ၊ ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူး(ရွာသစ်)ကျေးရွာနေ ဦးခင်ဦး(၄၁)နှစ်သည် ဇန်နဝါရီ ၂၂ ရက် ည ၆ နာရီတွင် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းအနီး၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
#MNP #News

No comments:
Post a Comment