သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ








သာကေတ၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ် ဇန်နဝါရီ(၂၅)ရက် နံနက်(၆)နာရီတွင်စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရောက်ရှိလေ့လာကြသည်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်မှကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှကိုယ်စားလှယ်အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့်အတူ သာကေတမြို့နယ် အမှတ်(၇)ရပ်ကွက်(အနောက်)ရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ်(၃)များသို့ရောက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနေမှု၊ မဲရုံတာဝန်ရှိသူများမှ ပြည်သူများအစဥ်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးကူညီဆောင်ရွက်ပေးနေမှုများကို လေ့လာကြည့်ရှုသည်။ ဆက်လက်၍ မဲရုံတာဝန်ထမ်းဆောင်ကြသူများနှင့် လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)