မိုင်းရှူးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရှူးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး





မိုင်းရှူး၊ ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယ‌နေ့ နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။

မဲရုံအသီးသီး၌ မဲရုံဖွင့်လှစ်ချိန်မှစတင်၍ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း(၄၀၃၃၁)ဦး ရှိပြီး၊ ရပ်ကွက်(၇)ခု၊ကျေးရွာအုပ်စု(၁၇)အုပ်စုတွင် မဲရုံပေါင်း(၃၂)ရုံ ဖွင့်လှစ်ကြောင်း သိရသည်။


သန်းလူ

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)