ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေ


Uploading: 2792751 of 2792751 bytes uploaded.


မြစ်ကြီးနား  ၊ ဇန်နဝါရီ ၂၁

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီဖွဲ့စည်းမှုအခြေအနေများ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲ့စည်းနိုင်ရေး စသည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံကော်မတီအဖွဲ့ဝင်များက ကော်မတီ၏လုပ်ငန်းတာဝန်များအပေါ် ရှေ့ဆက်ဆောင်ရွက်သွားရမည့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအပြင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းများပါ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် ပိုင်ရှင်ဦးဆင်ဝါးနော်၏ ခြံဝင်းအတွင်း ဝက်ခြံ (၂)ခြံ၌ အသားတိုးဝက်ကောင်ရေ (၁၅၀) မွေးမြူထားရှိမှုအခြေအနေများနှင့် ခြံဝင်းအတွင်း ပဲပုတ်(၃)ဧကနှင့် ဖူးစားပြောင်း (၁)ဧကခန့် စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ ဂရိတ်ဖုသီးပင်များအား ရှောက်ရိုင်းပင်ပေါ်တွင် ကိုင်းကူးစနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးနေမှုအခြေအနေများနှင့် ကြက်ခြံ (၃)ခြံအတွင်း အသားတိုးကြက်ကြီးကောင်ရေ (၆၀၀၀)နှင့် ကြက်သား ပေါက်ကောင်ရေ (၁၅၀၀)မွေးမြူဖြစ်ထွန်းမှု အခြေအနေများနှင့် ပင်မှည့်သီး (၃၉၀)ပင်နှင့် ပျားလိမ္မော်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)