ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းဆောင်ရွက်





ရွှေဘို  ၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းကို ယမန်နေ့(၁၁)နာရီတွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ အဖွင့်စကားပြောကြားခဲ့ပြီး ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာ  “ရွှေဘိုမြို့နယ်အတွင်း မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချနိုင်ရေးနှင့် တောင်သူများ နစ်နာမှုမရှိစေရေးအတွက် အရည်အသွေးစံချိန်စံညွှန်းနှင့် ကိုက်ညီသော မြေဩဇာပိုးသတ်ဆေးများရောင်းချနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။ဆက်လက်ပြီး ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ မြေဩဇာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအကြောင်းကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်စန်းမြင့်မှ မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကြောင်းကိုလည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဌေးအောင်မှ ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်း များကို သင်တန်းပို့ချခဲ့ကြပြီး အဆိုပါသင်တန်းသို့ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး အရောင်းဆိုင်ပေါင်း (၄၃)ဆိုင်မှ ဆိုင်ရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)