Pages

Pages

ဓနုဖြူမြို့နယ်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ဆန္ဒမဲပေးလျက်ရှိ








ဓနုဖြူ၊ ဇန်နဝါရီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီမှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိပြည်သူများက မဲရုံအသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိသည်။

ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြသည်။

ဓနုဖြူမြို့နယ်တွင် ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃)အုပ်စုတွင် မဲရုံပေါင်း(၁၅၈)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၁၄၆၆၄)ဦးရှိကြောင်းနှင့်ပြည်သူများကအေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။


အောင်ပြည့်ဖြိုးဇော် 

#MNP #News

No comments:

Post a Comment