Pages

Pages

ကြို့ပင်ကောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာ(၃၉)အုပ်စု၌ မဲရုံပေါင်း(၅၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၉၄၄၂)ဦးရှိ





ကြို့ပင်ကောက်၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)  ကျင်းပသည်။

မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုနေမှုများ၊ မဲရုံမှူးနှင့်မဲရုံ တာဝန်ရှိသူများဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်နေခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူတို့က ကြည့်ရှုအားပေးသည်။

ကြို့ပင်ကောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာ(၃၉)အုပ်စု၌ မဲရုံပေါင်း(၅၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  (၅၉၄၄၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲမှ သိရသည်။


ဇေယျာထွန်း(ကြို့ပင်ကောက်)

#MNP #News

No comments:

Post a Comment