ကြို့ပင်ကောက်၊ ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပသည်။
မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုနေမှုများ၊ မဲရုံမှူးနှင့်မဲရုံ တာဝန်ရှိသူများဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်နေခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူတို့က ကြည့်ရှုအားပေးသည်။
ကြို့ပင်ကောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာ(၃၉)အုပ်စု၌ မဲရုံပေါင်း(၅၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၉၄၄၂)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
#MNP #News




No comments:
Post a Comment