Pages

Pages

သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ




သရက်   ၊ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက သရက်မြို့ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုး ရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်ဦးဆောင်သည့် တိုင်းမြေအသုံးချရေး၊ တိုင်းမျိုးစေ့နှင့် တိုင်းသီးနှံကာကွယ်ရေးပညာရှင်များက ပိုးသတ်ဆေးဓာတ်ကြွင်းလျော့နည်းပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်ပပို့ကုန်သီးနှံများ၏ အရည်အသွေးကောင်းမွန်စေရေး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ သရက်ခရိုင်အတွင်း ပဲမျိုးစုံ သီးနှံစိုက်ဧရိယာ (၁၉၀,၈၇၀) ဧက၊  မတ်ပဲသီးနှံ (၄၄,၆၇၇)ဧကနှင့် ပဲတီစိမ်းသီးနှံ (၅၀,၁၇၇)ဧက စိုက်ပျိုးထားရှိပြီး ထွက်ရှိသီးနှံများကို ဒေသတွင်းစားသုံးရန်သာမက ပြည်ပသို့ တင်ပို့ရောင်းချရန် စိုက်ပျိုးထုတ်လျက်ရှိသည်။

စိုက်ပျိုးထားရှိသည့် ဆောင်းရာသီသီးနှံ မတ်ပဲနှင့်ပဲတီစိမ်းများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း လျော့နည်းစေရေးအတွက် ပိုးသတ်ဆေးသုံးစွဲမှုလျှော့ချပြီး ပန်းတိုင်အထွက်နှုန်း မထိခိုက်စေဘဲ ဓာတ်ကြွင်းလျော့နည်းသော သီးနှံများ ထုတ်လုပ်ရရှိရန် သီးနှံစိုက်တောင်သူများအနေဖြင့် မိမိတို့၏ စိုက်ခင်းအား အမြဲမပြတ် ပိုးမွှား၊ ရောဂါနှင့် ပေါင်းများအား ကြိုတင်ကင်းထောက်စစ်ဆေးခြင်း အပင်သက်တမ်းအလိုက် ကျရောက်သော ဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နှင်းနည်းများ အသုံးပြု၍ ကာကွယ်နှိမ်နှင်းခြင်း၊ ပိုးသတ်ဆေးအုပ်စုများကို ပြောင်းလဲအသုံးပြုခြင်း၊ ပိုးသတ်ဆေးဥပဒေများအား သိရှိနားလည်၍ ပိုးသတ်ဆေးစနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များအား စနစ်တကျရွေးချယ် စိုက်ပျိုးခြင်းနှင့် မြေဆီလွှာပြုပြင်မှုများအား လိုက်နာဆောင်ရွက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ သရက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူ(၅၀)ဦးတက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက် (သရက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment