မော်လမြိုင်ကျွန်း ၊ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်၊ (၁၁) လမ်းထိပ်မြို့မဈေးနှင့် ဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်နုနုအေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်စောင့်ရှောက် ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ ၊မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များဖြင့် သွားလာကြသည့် ခရီးသွားပြည်သူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အတွက်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရဲကိုမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment