ဂမ်ဘီယာမှ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည်ဟု စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron ၏လျှောက်လဲချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂမ်ဘီယာမှ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည်ဟု စွပ်စွဲချက်အပေါ် မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron ၏လျှောက်လဲချက်



ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article I တွင် ဖော်ပြထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများ အား အပြစ်ပေးရန် နှင့် Genocide Convention Article V နှင့်အညီ ဥပဒေပြဋ္ဌာန်း ရန် ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ ၂၃-၁-၂၀၂၀ ရက်နေ့ တွင် ICJ တရားရုံးက ချမှတ်သော ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ကို ချိုးဖောက်ခြင်းအတွက်လည်း တာဝန် ရှိသည်ဟု စွပ်စွဲထားပါကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို ကျူးလွန်ခြင်း အတွက် တာဝန်ရှိမှုနှင့် Genocide Convention တွင်ဖော်ပြ ထားသော ပြစ်မှုမြောက် စေ သည့် အခြားဆက်စပ်မှုများကို ရှင်းပြလိုကြောင်း။

လူမျိုးသုဉ်း သတ်ဖြတ်မှုကို ကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းတို့သည် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်ရန် လိုအပ်သည့်အချက်များ ဖြစ်ကြောင်း၊ ယခုအမှုတွင် လူမျိုးသုဉ်းသတ် ဖြတ်မှုကို ကျူးလွန်ခြင်းမရှိသဖြင့် ဂမ်ဘီယာ၏ စွပ်စွဲချက်သည် မှန်ကန်မှုမရှိပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သည်ဟုသာ ယေဘုယျအားဖြင့်ဖော်ပြသွားကြောင်း၊ Genocide Convention အရ လူမျိုးသုဉ်း သတ်ဖြတ်မှု မြောက်စေသော သီးခြားအချက်များအပေါ် သက်သေမပြနိုင်ကြောင်း၊ အကယ်၍ လူမျိုးသုဉ်း သတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲပါက အဆိုပါ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်စေသည့် ပူးပေါင်း ကြံစည်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းတို့ တည်ရှိကြောင်း သက်သေပြရမည့်တာဝန်သည် စွပ်စွဲသောသူအပေါ် ကျရောက်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် သက်သေတင်ပြရန် တာဝန်မရှိကြောင်း၊ စွပ်စွဲသူ ဂမ်ဘီ ယာ အပေါ်တွင်သာ ကျရောက်ပါကြောင်း၊ အဆိုပါ အယူအဆအပေါ် ဂမ်ဘီယာက လည်း အငြင်းပွားမှု မရှိပါကြောင်း၊ လက်တွေ့တွင် ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်း သတ် ဖြတ်မှုမြောက်စေသော အချက်များ သီးခြားတည်ရှိကြောင်း (dolus specialis) ကို မတင်ပြနိုင်ပါကြောင်း၊ ၎င်းတင်ပြသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် သီးခြားတည်ရှိခြင်း (dolus specialis) မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ကိုသာ ပြောနိုင်ကြောင်း၊ မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန် သည်ဟု ဆိုသော ဂမ်ဘီယာ၏ စွပ်စွဲချက်မှာ ဥပဒေကြောင်း အရ မှားယွင်းပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် မြန်မာက ဘင်္ဂါလီများအပေါ် ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ခွဲခြား ဆက်ဆံပြီး အမုန်းတရားပွားများအောင် တပ်မတော်က ဆောင်ရွက်သည်ဟု FFM တွင် ဖော်ပြချက်များဖြင့် စွပ်စွဲထားသော်လည်း ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှု ကိုဖြစ်ပေါ်စေနိုင်သည့် လှုံ့ဆော်မှုများ သီးခြားတည်ရှိကြောင်း (dolus specialis)ကို သက်သေမပြနိုင်ပါကြောင်း၊ ၎င်းအနေဖြင့် ပြောဆိုနိုင်သည်က ဘင်္ဂါလီ များအပေါ် အမုန်း တရားပွားများစေရန် သံဃာတော်အချို့က ပြုလုပ်ပြီး အဆိုပါပြု လုပ်သူများကို တားဆီး အပြစ်ပေးရန် ပျက်ကွက်သည်ဟုသာ ပြောနိုင်ပါကြောင်း။

အမုန်းစကားကို တားဆီးရန် ပျက်ကွက်မှုသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်မှုမဟုတ်ပါကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေရန်အတွက် အားထုတ်မှုရှိရမည်ဟုဆိုသော အချက်ကိုလည်း ဂမ်ဘီယာအနေဖြင့် သက်သေမပြနိုင်ပါ ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက် စေရန် အားထုတ်မှုနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိရမည် ဆိုသောအချက်ကိုလည်း ဂမ်ဘီယာအနေဖြင့် သက်သေပြသ နိုင်ခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်း သတ်ဖြတ်မှုကို တားဆီးရန် ပျက်ကွက်သည်ဟု ဂမ်ဘီယာ၏အဆိုလွှာနှင့် ယခုလျှောက်လဲ ချက်များတွင် ဥပမာ များဖြင့် စွပ်စွဲဖော်ပြခဲ့သော်လည်း အဆိုပါအချက်များအပေါ် ထပ်မံစိစစ် ခြင်းပြုလုပ် မှုမရှိဘဲ စွပ်စွဲ၍သာ ပြောဆိုနိုင်သဖြင့် အဆိုပါအချက်များသည် ဥပဒေကြောင်း အရ သို့ မဟုတ် အကြောင်းခြင်းဆိုင်ရာအရ အထောက်အကူမဖြစ်ပါကြောင်း။

ထို့ပြင် ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article V ပါ လိုအပ်သော ဥပဒေ ပြဋ္ဌာန်းရန်ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ နိုင်ငံတစ် နိုင်ငံအနေဖြင့် Genocide Convention Article V ပါ အချက်အား မိမိတို့၏ ပြစ်မှုဆိုင် ရာဥပဒေတွင် ဖော်ပြထားသော လူသတ်မှု၊ လက်ရောက်မှုနှင့် မုဒိမ်းမှုများကို အပြစ်ပေး နိုင်သော ပြစ်မှုဆိုင်ရာဥပဒေတည်ရှိ ခြင်းအားဖြင့်လည်း Convention ၏တာဝန်ကို ဖြည့် ဆည်းရာရောက်ကြောင်း၊ ဂမ်ဘီယာ အပါ အဝင် ၅၇ နိုင်ငံက Convention Article V ပါ တာဝန်ကို ၎င်းတို့၏ ပြစ်မှုဆိုင်ရာဥပဒေဖြင့် ဖြည့်ဆည်းထားပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ရာဇသတ်ကြီးဥပဒေနှင့်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ပြဋ္ဌာန်းထားပါ ကြောင်း၊ ၂၀၂၁ ခုနှစ် တွင် အဆိုပါ ရာဇသတ်ကြီးနှင့် ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေအား Genocide Convention ပါ လူမျိုးသုဉ်းသတ်ဖြတ်မှုကို သီးခြား ဖော်ပြခြင်းဖြင့် ပြင်ဆင် ခဲ့ပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့်ပါ ပထမ၊ ဒုတိယ နှင့်တတိယအချက်များကို မြန်မာက ချိုးဖောက်မှုရှိသည်ဟု UN အစီရင်ခံစာ များနှင့် လူမှုကွန်ယက်စာမျက်နှာများမှ သတင်းများကို ကိုးကား၍သာ ဖော်ပြ နိုင်ပြီး အချက်အလက်တိတိကျကျ ထောက်ပြနိုင်ခြင်း မရှိပါကြောင်း ပြောကြားခဲ့ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)