ရန်ကုန်၊ ဇန်နဝါရီ ၃၀
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ရင်ဆိုင် ဖြေရှင်းခဲ့သည့် ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အပြန်ခရီးတွင် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ဂုဏ်ပြုကြိုဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁)ရက်နေ့ မနက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဓမ္မ တို့က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်ထားကြောင်း မိန့်ကြားသည်။
ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနာပွဲပြီးဆုံးသည့်နေ့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ၏ မိန့်ခွန်းတွင် -
(က) လူမျိုးသုဉ်းစေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှု မရှိသည့်အတွက် ပယ်ချပေးပါရန်၊
(ခ) တရားရုံးက ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာသမ္မတနိုင်ငံက တရားရုံးသို့ အဆိုပြုသည့် စွပ်စွဲချက်များမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန်နှင့်
(ဂ) ဂမ်ဘီယာက အဆိုပြုသည့် နစ်နာကြေးပေးရန်အပြင် အခြားအဆိုပြုချက် အားလုံးမှာ ဥပဒေကြောင်းအရနှင့် အချက်အလက်ပိုင်းအရ ခိုင်မာမှုမရှိသည့်အတွက် ပယ်ချပေးပါရန် ပြောကြားခဲ့သည်။
#MNP #News


No comments:
Post a Comment