တပ်ကုန်း ၊ ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့်လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က အွန်လိုင်းလိမ်လဲမှုနှင့်ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်နီလင်းက ကလေးသူငယ်ဆိုင်ရာ ဥပဒေအသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မို့မို့အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment