တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အကူအညီများအား ဆက်လက်ပေးအပ်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အကူအညီများအား ဆက်လက်ပေးအပ်သွားမည်


နေပြည်တော်၊ ဇန်နဝါရီ 

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မဲပေးခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြီးဆုံးခဲ့ပြီး ရွေးကောက်ပွဲမဲပေးခြင်းအားလုံး ပြီးမြောက်ခဲ့ပါသည်။ ဤအပေါ် တရုတ်နိုင်ငံမှ မည်သို့သုံးသပ်ပါသနည်းဟု The Chinese Global Program Center of China Media Group ၏ သတင်းထောက်မှ မေးမြန်းချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အကူအညီများအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

Mr. Guo Jiakun က မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအပိုင်းသစ် မဲပေးခြင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပြီးသတ်ပြီးမြောက်ခဲ့ပါသည်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရွေးကောက်ပွဲအား ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် တည်ငြိမ်၊ စနစ်တကျဖြစ်ခဲ့ပြီး မဲဆန္ဒရှင်များက တက်ကြွစွာပါဝင်မဲပေးခဲ့ကြပါသည်။ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ဂုဏ်ပြုအပ်ပါသည်။

တရုတ်နိုင်ငံမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်‌ရေးမူကြီး (၅) ရပ်အား အစဉ်အမြဲ ခိုင်မာစွာလိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုကြောင်း၊ မိမိတို့သည် အိမ်နီးချင်းကောင်းအနေဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုကျယ်ပြန့်ခိုင်မာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအား အကောင်အထည်ဖော်၍ အခြေအနေအမြန်ဆုံးပြန်လည်ကောင်းမွန်လာပြီး နိုင်ငံရေးအခြေအနေ တည်ငြိမ်မှု အား အတူတကွထိန်းသိမ်းနိုင်ကြရန် ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အကူအညီများအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bloomberg News ၏ သတင်းထောက်က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပြီးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပို၍နက်ရှိုင်းအောင်လုပ်ဆောင်မှာလား။ အကယ်၍ လုပ်ဆောင်ပါက နောက်အဆင့် တရုတ်-မြန်မာ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဦးတည်ချက်များအား မိတ်ဆက်ပေးနိုင်ပါသလား ဟု မေးမြန်းသည်။

Mr. Guo Jiakun က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အလာ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ရည်ရွယ်ပါကြောင်း၊ မကြာသေးမီနှစ်များအတွင်းက တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်သော အောင်မြင်မှုများ ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်သူ့လူနေမှုဘဝတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား အစဉ်အမြဲ နက်ရှိုင်းစွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)