ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် မန္တလေးတိုင်းဒေသကြီးထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် မန္တလေးတိုင်းဒေသကြီးထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးဆွေးနွေး


ချမ်းအေးသာစံ  ၊  ဇန်နဝါရီ  ၂၇

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုအဆင့်ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်များပြခန်း (၅၄)ခန်း၊ သွင်းကုန် အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်များပြခန်း (၁၂)ခန်း၊ စိုက်ပျိုးရေး/မွေးမြူရေး အခြေခံ ထုတ်ကုန်ပြခန်း (၁၄)ခန်း၊ ပြည်ပပို့ကုန် ပြခန်း (၃)ခန်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုပြခန်း (၁၄)ခန်း စုစုပေါင်းပြခန်း (၉၁)ခန်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က   နေပြည်တော်တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ရက်အထိ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် တွင်မန္တလေးတိုင်းဒေသကြီးမှ စုစုပေါင်းပြခန်း (၉၁)ခန်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှဒေသထွက်ကုန်များကို စုစည်းပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ကုန်ထုတ်လုပ်မှုကဏ္ဍ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားရေး၏အခြေခံအင်အားစုဖြစ်သည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင်ကျင်းပသည့် ရည်ရွယ်ချက်များ၊ တိုင်းဒေသကြီးမှ သွားရောက်ပြသမည့်ထုတ်ကုန်အမျိုးအစားများနှင့်ဆောင်ရွက်သွားမည့်အစီအမံများ၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဦးစီးမှူး နှင့်တာဝန်ရှိသူများက ပြခန်းများအတွက် ဆောင်ရွက်ထားရှိမှုအစီအမံများ၊ စီးပွားရေးလုပ်ငန်းရှင်များက ပြပွဲတွင် ခင်းကျင်းပြသသွားမည့်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်‌အကြံပြု ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)