Pages

Pages

ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား











နေပြည်တော်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟု ဗိုလ်ချုပ်မှူးကြီး က ပြောကြားသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အပိုင်း (၃) ကို ယနေ့တွင် ကျင်းပပြုလုပ်လျက်ရှိနေပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေမှုများကို မိမိအနေဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တက်တက်ကြွကြွဖြင့် ဆန္ဒမဲများပေးနေသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် ပျမ်းမျှအားဖြင့် ပြည်သူလူထု ၅၅ ရာခိုင်နှုန်းခန့် ဆန္ဒမဲများပေးကြောင်း သိရသဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုဟု သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရကြောင်း။

မိမိတို့နိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပါတီစုံဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ဆက်တွင် ပြည်သူလူထုအနေဖြင့် ဆန္ဒမဲပေးကြသည့် အတွေ့အကြုံများ ထိုက်သင့်သလောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လူမှာကတိ၊ မင်းမှာသစ္စာရှိသည်နှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ထားသည့်အတိုင်း မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝပြီး လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပနိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီး မဲမသမာမှုများဖြစ်ပေါ်မှု မရှိစေရေးအတွက် Myanmar Electronic Voting Machine (MEVM) စက်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မဲမသမာမှုမရှိသောရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် ဆန္ဒမဲပေးကြသည့် ပြည်သူလူထုများ၏ ဆန္ဒအမှန်ဖြင့် လိုလားသည့်ရလဒ်များ ထွက်ပေါ်လာစေရန်ပင်ဖြစ်ကြောင်း။

အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်ပြည်သူများ၏ ရပိုင်ခွင့်ပင်ဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်၌ ဆန္ဒမဲပေးသူနည်းပါးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့ကျင်းပနေသည့် ရွေးကောက်ပွဲတွင်လည်း ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟု ဆိုနိုင်ကြောင်း။

မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပအပြီး အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလည်း လာရောက်လေ့လာခဲ့ကြကာ အပြုသဘောဆောင်သည့် မှတ်ချက်များစွာကိုလည်းရရှိခဲ့ကြောင်း၊ မိမိတို့ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ထမ်းဆောင်ခဲ့ကြသူများအားလုံးကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။


#MNP #News 

No comments:

Post a Comment