Pages

Pages

နေတိုးနဲ့ အီးယူကို ရုရှားနယ်စပ်နားမှာ လာထားဖို့ ခွင့်မပြုသင့်ဘူး လို့ ဗစ်တာအော်ဘန် ပြော





ဇန်နဝါရီ - ၂၆ ( တနင်္လာနေ့ ) 

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က နေတိုး (မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ ) နှင့် အီးယူ (ဥရောပသမဂ္ဂ) တို့ကို ရုရှားနိုင်ငံရဲ့ နယ်နိမိတ်အနီးကို လာခွင့်မပြုတာက ဥရောပတွင် စစ်ပွဲတွေဖြစ်မလာအောင် တားဆီးနိုင်သလို ယူကရိန်း ကို အနောက်အုပ်စုတွေနဲ့  ရုရှားကြား ကြားခံဇုန်အဖြစ် ထားထားတာက ပိုကောင်းတဲ့အခြေအနေ ဖြစ်တယ်လို့ ပြောသွားပါတယ်။ 

၂၀၂၂  ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် မော်စကိုအပေါ်  ပိတ်ဆို့အရေးယူမှုများ အပါအဝင် နေတိုးနှင့် အီးယူတို့က ချမှတ်ထားသော ရုရှားဆန့်ကျင်ရေးမူဝါဒများကို ဟန်ဂေရီက ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သလို ယူကရိန်းကို အနောက်နိုင်ငံတွေက လက်နက်များ ပေးပို့မှုကိုလည်း အဆက်မပြတ် ဝေဖန်ခဲ့ပါတယ်။ 

စနေနေ့က ကာပိုစဗာမြို့မှာ စစ်ဆန့်ကျင်ရေး လူထုစုဝေးပွဲ၌ မိန့်ခွန်းပြောကြားရာမှာ အော်ဘန်က “နေတိုးနဲ့ ဥရောပသမဂ္ဂဟာ ရုရှားရဲ့ နယ်နိမိတ်မှာ တိုက်ရိုက် မတည်ရှိသင့်ဘူးဆိုတာကို လက်ခံရမှာ ဖြစ်သလို ရုရှားက ဒါကို အမြဲတမ်း စစ်နဲ့ တုံပြန်နေမှာ ဖြစ်လို့ပါ”လို့ ပြောခဲ့ပါတယ်။ "ရုရှားနှင့် အနောက်နိုင်ငံများ၏ အရှေ့ဘက် နယ်နိမိတ်ကြားတွင် ယူကရိန်းက ကြားခံဇုန်အဖြစ် အမြဲရှိရပါမယ်။ စစ်ရေးပဋိပက္ခကို ရှောင်ရှားဖို့ ယူကရိန်းအနေနဲ့ ဒီအခန်းကဏ္ဍကို တာဝန်ယူသင့်တယ်”။ ယူကရိန်းသည် အီးယူတွင် ပါဝင်ပါက ဟန်ဂေရီ အပါအဝင် အဖွဲ့ဝင်အချိုက ကန့်ကွက်မှာဖြစ်ပြီး အီးယူအနေနဲ့ ရုရှား နဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ ဧပြီလမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အီးယူကိုထောက်ခံတဲ့ အတိုက်အခံပါတီ နိုင်သွားရင် ဟန်ဂေရီ ကလေးတွေကို စစ်သားတွေအဖြစ်နဲ့ စုဆောင်းတော့မှာ ဖြစ်ကြောင်း၊ အီးယူမှာက စစ်ကိုလိုလားတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဂျာမနီအဓိပတိ နဲ့ ပါလီမန်ခေါင်းဆောင်တွေက ကြီးစိုးနေကြောင်း၊ ယူကရိန်းကို စစ်သက်ရှည်အောင် ငွေကြေးတွေထောက်ပံ့နေကြောင်းနဲ့ ငြိမ်းချမ်းရေး အစောင့်တပ်တွေ ယူကရိန်းမှာ ချထားမယ်ဆိုရင် အဲ့ဒါက ယာယီမဟုတ်ဘဲ ထာဝရဖြစ်သွားနိုင်တယ်လို့ သမိုင်းအထောက်အထားရှိတာတွေကို ပြောသွားပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment